DVB Logo
Home
မြန်မာသတင်း
သမ္မတဦးထင်ကျော် အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲတက်ရန် မွန်ဂိုလီးယား သွားမည်
DVB
·
July 10, 2016
သမ္မတဦးထင်ကျော် အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲတက်ရန် မွန်ဂိုလီးယား သွားမည်
Donate to DVB

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ မကြာခင် မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာမြို့ကို သွားရောက်မယ်လို့ အစိုးရက သတင်းထုတ်ပါတယ်။

မွန်ဂိုလီးယားသမ္မတ H. E. Mr. ELBEGDORJ Tsakhia ရဲ့ ဇွန်လလယ် မြန်မာပြည်ချစ်ကြည်ရေးခရီးစဉ်အတွင်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အာရှ-ဥရောပ ထိပ်သီးစည်းဝေးပွဲတက်ဖို့ ဖိတ်ကြားခဲ့ပေမယ့် အခုတော့ သမ္မတဦးထင်ကျော်ပဲ တက်ရောက်မှာ ဖြစ်ပါတယ်။

မွန်ဂိုးလီးယားသမ္မတဟာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးမှုရှိသူတဦးဖြစ်ပြီး မြန်မာပြည်ခရီးစဉ်အတွင်း ဒေါ်စုနဲ့  ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ တရားဥပဒေ စိုးမိုရေး လုပ်ငန်းတွေ၊ သယံဇာတနှင့် သဘာဝ အရင်းအမြစ် ထိန်းသိမ်းရေးကဏ္ဍ၊ သတ္တုကဏ္ဍ၊ ဒီမိုကရေစီ အစဉ်အလာကောင်းနဲ့ တာဝန်သိ တာဝန်ကျေပွန်သော မီဒီယာများ၏ အခန်းကဏ္ဍ စတာတွေ အပါအ၀င် ကဏ္ဍ ၇ ခုကို ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013