DVB Logo
Home
မြန်မာသတင်း
မော်လိုက်တွင် မြို့ပေါ်ရပ်ကွက် ထက်ဝက်ကျော် ရေမြုပ်၊ ရခိုင်တွင် ရေပြန်ကျ
DVB
·
July 9, 2016
မော်လိုက်တွင် မြို့ပေါ်ရပ်ကွက် ထက်ဝက်ကျော် ရေမြုပ်၊ ရခိုင်တွင် ရေပြန်ကျ
Donate to DVB

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့မှာ ချင်းတွင်းမြစ်ရေတက်လို့ ရေကြီးနေပြီး မြို့ပေါ်ရပ်ကွက် ထက်ဝက်ကျော် ရေမြုပ်နေပါတယ်။

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နေ အမှတ် ၁၀ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ချင်းတွင်းမြစ်ရေ တိုးလာတာကြောင့် မြို့ပေါ်ရပ်ကွက်တွေ ရေမြုပ်နေတယ်လို့ အခုလို ပြောပါတယ်။

“ကျောက်မြောင်းရပ်ကွက်၊ တံတားဦးရပ်ကွက်၊ ကျောင်းတောင်ရပ်ကွက်၊ နောက် စွယ်တော်ရပ်ကွက်၊ ညောင်ပင်သာရပ်ကွက်၊ ဆားလင်းချောင်ဘက်ရပ်ကွက်တွေ မြုပ်တယ်ဗျ။ ရပ်ကွက် ၁၃ ခုရှိတာ ထက်ဝက်ကျော် မြုပ်နေတယ်။ ကျနော်တို့ဆို မြို့လယ်မှာကို အိမ်အောက်ထပ် မြုပ်သွားပြီဗျ၊ မြင့်တဲ့နေရာပေါ့နော်။ ဟိုးဘက် အဖျားပိုင်းတွေဆို လူတရပ် နှစ်ရပ်စာလောက် မြုပ်တယ်။”

မော်လိုက်မြို့ မြစ်ကမ်းပါးက ရွှေနဒီဆိပ်ကမ်း အလုပ်သမားရုံးကိုလည်း ကမ်းပါးပြိုကျမှုကြောင့် ဖျက်ပြီး ပြောင်းရွှေ့လိုက်ရတယ်လို့ ပြောပါတယ်။

မော်လိုက် အထက်ဘက်က ခန္တီး၊ ဖောင်းပြင် စတဲ့မြို့တွေမှာ မြစ်ရေကျဆင်းလာနေတာကြောင့် မော်လိုက်မှာ နောက် ၂ ရက်လောက် ရေကြီးနိုင်ပါသေးတယ်။

မိုးလေ၀သဌာနရဲ့ ဒီနေ့ မွန်းလွဲပိုင်း ထုတ်ပြန်ချက်အရ ချင်းတွင်းမြစ်ကမ်းတလျှောက်ရှိ မော်လိုက်မြို့မှာ ၃ ပေလောက်၊ ကလေးဝမြို့၊ မင်းကင်းမြို့နဲ့ ကနီမြို့တို့မှာ ပေဝက်ခန့်စီ အဲ့ဒီမြို့တို့ရဲ့ စိုးရိမ်ရေမှတ်အသီးသီး အထက်သို့ ကျော်လွန်နေပါတယ်။

နောက် ၂ ရက်အတွင်း မော်လိုက်မြို့မှာ ၁ ပေခွဲလောက်၊ ကလေးဝမြို့၊ မင်းကင်းမြို့နဲ့ ကနီမြိုတို့မှာ ၂ ပေလောက်စီ ဆက်လက်တက်လာနိုင်ပြီး အဲ့ဒီးမြို့တို့ရဲ့ စိုးရိမ်ရေမှတ် အသီးသီးအထက် ဆက်လက်တည်ရှိနိုင်ပါတယ်။

ဒါ့ကြောင့် ချင်းတွင်းမြစ်တစ်လျှောက်ရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြပါလို့ မိုးဇလက သတိပေးထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦး၊ ကျော်က်တော်၊ မင်းပြားမြို့တို့မှာ လွန်ခဲ့တဲ့ ၃-၄ ရက်လောက်ကတည်းက မိုးကြီးလို့ ရေကြီးနေပြီး ဒီနေ့တော့ အဲ့ဒီမြို့တွေမှာ ရေပြန်ကျနေပါတယ်။

မြောက်ဦးမြို့ကနေ ၇ မိုင်လောက်ကွာဝေးတဲ့ နေရာက ချောင်ကူးတံတားတခု ကျိုးကျနေလို့ ရန်ကုန်-စစ်တွေ ကားလမ်း ပြတ်တောက်နေပါတယ်။

မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက အခုတကြိမ် ရေကြီးမှုအတွင်း မြောက်ဦးဟာ အဆိုးဆုံးဖြစ်ခဲ့ပြီး မြို့တွင်း ချောင်းမြောင်းတွေ ကောနေတာကြောင့်လို့ ပြောပါတယ်။

“မြို့ပေါ်ပတ်စီးနေတဲ့ ချောင်း ရှိတယ်ဗျ၊ အဲ့ဒီချောင်းမှာ အမှိုက်တွေ ပိတ်ဆို့၊ အမှိုက် ပစ်တဲ့နေရာလိုဖြစ်ပြီး ချောင်းက ကောသွားတယ်။ နောက် တခါ အဲ့ဒီချောင်းတွေပေါ်မှာ တရားမ၀င်တဲ့ အိမ်တွေ ကျုးကျော်ဆောက်ကြတော့ ရေစီးချောင်းတွေက မြို့ပေါ်မှာ အကုန်လုံးပိတ်ကုန်တယ်၊ မြို့ပေါ်မှာ ရေလျှ့တက်လာတော့တာပေါ့။ မနှစ်က ဖြစ်တဲ့ထဲမှာက မုန်တိုင်းလည်း ပါတယ်။ မြစ်ရေ လျှံတာ ပါတယ်။ ရပ်ကွက်ထဲမှာ ချောင်းတွေမြောင်းတွေ တိမ်ကောတာလည်းပါတယ်။ ဒီနှစ်က မုန်တိုင်းလည်း မပါဘူး၊ သာမန် မိုးရွာတာလောက်နဲ့ကို ပြဿနာ ဖြစ်တယ်။”

ရခိုင်ပြည်နယ် မြို့နယ် ၅ မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးမှုတွေကြောင့် နေအိမ်နဲ့ လူနေအိမ်ခြေ ၅၀၂၉ နစ်မြုပ်သွားခဲ့ပြီး လူဦးရေ ၂၁၄၇၉ ဘေးလွတ်ရာမှာ ခိုလှုံနေကြရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013