DVB Logo
Home
မြန်မာသတင်း
ထိုင်းအမျိုးသမီးအား သတ်မှုသံသယဖြင့် မြန်မာအလုပ်သမားကို ၀ရမ်းထုတ်
DVB
·
July 9, 2016
ထိုင်းအမျိုးသမီးအား သတ်မှုသံသယဖြင့် မြန်မာအလုပ်သမားကို ၀ရမ်းထုတ်
Donate to DVB

ထိုင်းအမျိုးသမီးတဦးအား သတ်တယ်ဆိုတဲ့ သံသယနဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတဦးကို ထိုင်းတာဝန်ရှိသူတွေက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

ဇူလိုင် ၈ ရက်က ဘန်ကောက် ဘန်ခွန်သီယန်မှာ ထိုင်းအမျိုးသမီးတဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ကိုနေမင်းကို ထိုင်းအလုပ်သမား ဒူရီယန် ရောဒ်ခန်ပူ သတ်တယ်ဆိုတဲ့ သံသယနဲ့ ရဲတွေ တောင်းဆိုတဲ့ ဖမ်းဝရမ်းကို သောင်ဘူရီ ရာဇ၀တ်မှု တရားရုံးက ထုတ်ပေးတယ်လို့ ရဲတပ်ဖွဲ့အရာရှိတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းဘန်ကောက်ပိုစ့် သတင်းမှာရေးပါတယ်။

သေဆုံးသူ အသက် ၂၄ နှစ် ဒူရီယန်ရဲ့ ရင်ဘတ်နဲ့ ၀မ်းဗိုက်မှာ ဓားထိုးတဲ့ ဒဏ်ရာတွေ တွေ့ရှိခဲ့ရသလို ခန္ဓာကိုယ်ပေါ်မှာလည်း ပွန်းပဲ ဒဏ်ရာတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အလောင်းကို ဖြတ်သွားဖြတ်လာသူတဦးက တွေ့ရှိခဲ့ပြီး ရဲစခန်းကို အကြောင်းကြားခဲ့ရာမှာ လျှပ်စစ်ပန်ကာတွေ ထုတ်ဝေတဲ့ ၀မ်နာဝစ်ကုမ္ပဏီက အလုပ်သမားဖြစ်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ကုမ္ပဏီတခုတည်း အတူလုပ်တဲ့ ကိုနေမင်းနဲ့ ထိုင်းအမျိုးသမီးတွေက ဇူလိုင် ၇ ရက်ညက ကုန်စုံဆိုင်မှာ ဘီယာအတူ သောက်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ည ၁၀ နာရီခွဲလောက်ဆိုင်က မထွက်ခွာခင် သူတို့ စကားအနည်းငယ်များပြီး နောက်တနေ့ မနက်မှာ အမျိုးသမီး အလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာအလုပ်သမားနဲ့ သေဆုံးသူက အချစ်ဇာတ်လမ်းရှိနေတယ်လို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးထားသလို ဒူရီယန်အသတ်ခံရပြီးနောက် မြန်မာအလုပ်သမားက ပျောက်သွားတယ်လို့ ဆိုပါတယ်။

သံသယရှိတဲ့သူကို ခြေရာခံဖို့အတွက် ရဲတပ်ဖွဲ့က ကြိုးစားနေသလို မြန်မာကို ပြန်သွားမသွားကတော့ မသိရသေးဘူးလို့ သတင်းက ရေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013