DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် တရားမ၀င်ရွှေ့ပြောင်း အလုပ်သမား စစ်ဆေးဖမ်းဆီးမှု ပိုများလာ
DVB
·
July 9, 2016
ထိုင်းတွင် တရားမ၀င်ရွှေ့ပြောင်း အလုပ်သမား စစ်ဆေးဖမ်းဆီးမှု ပိုများလာ
1 / 3
Donate to DVB

ခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ တရားမ၀င် ရွှေ့ပြောင်းအလုပ်သမား စစ်ဆေးဖမ်းဆီးမှုတွေ ရက်ဆက်လို ဖြစ်နေပါတယ်။

ထိုင်းတောင်ပိုင်း ရနောင်းမြို့မှာ ဇူလိုင် ၅ ရက်နေ့က လ၀ကရဲတပ်ဖွဲ့နဲ့ အလုပ်သမားကြီးကြပ်ရေးရုံးက တာဝန်ရှိသူတွေဟာ ရနောင်းမြို့ ဘန့်ရင့်ရပ်ကွက် လေဟာပြင်ဈေး ထဲဝင်ရောက်ပြီး ဈေးရောင်းနေသူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ ဦးတို့ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။

သူတို့တွေဟာ ခွင့်ပြုချက်မရဘဲ ဈေးရောင်းမှုနဲ့ ဖမ်းဆီးခံရတာဖြစ်ကြောင်း၊ အလုပ်သမားတွေကတော့ သူတို့ ကိုယ်ပိုင်ဆိုင်မဟုတ်ဘဲ  အလုပ်ရှင်က ခိုင်းလို့ရောင်းရတာလို့  ပြောပေမယ့် အလုပ်သမားကတ်ထဲပါတဲ့ အလုပ်အမျိုးအစားအတိုင်း ခိုင်းစေခြင်းမရှိတဲ့ အလုပ်ရှင်ကိုပါ အရေးယူမယ်လို့ တာဝန်ရှိသူတွေက ပြောသွားပါတယ်။

ထိုင်းနိုင်ငံ အလုပ်သမားဥပဒေမှာ မြန်မာ၊ လော နဲ့ ကမ္ဘောဒီးယားရွှေ့ပြောင်း အလုပ်သမားတွေ ကိုယ်ပိုင်ဈေးရောင်းခွင့်မရှိကြောင်း၊ ကိုယ်ပိုင်ဈေးရောင်းပါက ဒါမှမဟုတ် ခွင့်မပြုတဲ့ အလုပ်အမျိုးအစားမှာ ၀င်ရောက်လုပ်ကိုင်ပါက အလုပ်သမားအနေနဲ့  ဒဏ်ငွေ ဘတ် ၂ သောင်းထိ၊ အလုပ်ရှင်အနေနဲ့ ဒဏ်ငွေ ဘတ် ၁ သောင်းထိ ကျခံရမယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနယ်စပ် ရာ့ခ်ျပူရီခရိင် ဘန့်ခါးမြို့နယ်မှာလည်း ဇူလိုင် ၇ ရက်နေ့က ရွေှ့ပြောင်း အလုပ်သမားတွေ အများဆုံးနေထိုင်တဲ့ နောင်ဖန်းကျန်ရပ်ကွက်ကို တာဝန်ရှိသူတွေက ၀င်ရောက်စစ်ဆေးပြီး နေထိုင်ခွင့်လက်မှတ်မရှိသူနဲ့ အလုပ်အမျိုးအစားကိုက်ညီမှု မရှိသူပေါင်း ၈၆ ဦးတို့ကို ဖမ်းဆီးခဲ့တယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဇူလိုင် ၇ ရက်နေ့မှာ ထိုင်နိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင် ဘန်ပအင်မြို့ရှိ နိုဗယလ် အီ လက်ထရောနစ် ကုမ္ပဏီကို ရဲနဲ့အလုပ်သမားဆိုင်ရာတာဝန်ရှိသူတွေ ၀င်ရောက်စစ်ဆေးကာ ဥပဒေနဲ့ မညီညွတ်တဲ့  နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမား ၁၈ ဦးတို့ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း၊ ဘယ်နိုင်ငံသားဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ထိုင်းအရှေ့ပိုင်း ချွန်းပူးရီးခရိုင် ဆပ်တဟိပ်မြို့နယ်မှာတော့ ဇူလိုင် ၇ ရက်နေ့က ရေတပ် နဲ့ လ၀ကရဲတို့ ပူးပေါင်းပြီး ငါးဖမ်းလှေတွေ လိုက်လံစစ်ဆေးရာမှာ တရားမ၀င် ငါးဖမ်းလှေ ၃ စီးနဲ့ လက်မှတ်မရှိတဲ့ ရွှေ့ပြောင်းအလုပ်သမား ၄ ဦးတို့ကို ဖမ်းဆီးခဲ့တယ်လို့ မန်နေဂျာအွန်လိုင်း သတင်းမှာ ဖော်ပြပါတယ် ။

ဒီစစစ်ဆေးဖမ်းဆီးမှုတွေဟာ ထိုင်းနိုင်ငံတည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးကော်မတီ (စစ်ကောင်စီအစိုးရ) ရဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနဲ့ တရားမ၀င်အလုပ်သမား ပပျောက်ရေး စီမံချက်အရ ဆောင်ရွက်နေတာလို့ ချွန်းပူးရီးခရိုင်ရဲတပ်ဖွဲ့ဝင်တဦးက သတင်းထောက်ကို   ပြောသွားပါတယ်။

ဓာတ်ပုံ - မန်နေဂျာအွန်လိုင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013