DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်၊ မင်းကင်းမြို့ နေအိမ်များ ရေလွတ်ရာ ပြောင်းရွှေ့
DVB
·
July 9, 2016
ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်၊ မင်းကင်းမြို့ နေအိမ်များ ရေလွတ်ရာ ပြောင်းရွှေ့
1 / 4
Donate to DVB

ချင်းတွင်းမြစ်ရေဟာ မင်းကင်းမြို့မှာ တဖြည်းဖြည်း တိုးလာနေပြီး ၈ ရက်နေ့မှာ စိုးရိမ်ရေအမှတ် ကျော်လာတဲ့အတွက် မင်းကင်းကမ်းနား နေအိမ် ၆၀ ကျော် ရေလွတ်ရာကို ပြောင်းရွှေ့နေရပါတယ်။

“ရေတက်တာက ၈ ရက်နေ့ကတည်းက ကမ်းပေါ်ရောက်လာတယ်။ အဲ့ဒီနေ့မှာပဲ အိမ် ၄၅ အိမ် ရေလွတ်တဲ့နေရာကို ရွေ့ရတယ်။ နေလို့မရအောင် မြုပ်တဲ့ အိမ်တွေပေါ့။ ဒီနေ့တော့ နောက်ထပ် ၁၅ အိမ် ရွှေ့နေတယ်။ အခုဆိုရင် အပေါ်ထပ်ရေလွတ်တဲ့ သူတွေတောင် ပြောင်းဖို့ ပြင်နေကြပြီ” လို့ မင်းကင်းမြို့က ကိုကျော်မင်းအောင်က ပြောပါတယ်။

ချင်းတွင်းမြစ်ရေဟာ ဇူလိုင် ၇ ရက်နေ့က စတက်လာတာဖြစ်ပြီး ဒီနေ့ မနက် ၁၀ နာရီ တိုင်တာချက်အရ မင်းကင်းမြို့မှာ ၁၃၆၁ စင်တီမီတာ ထိရောက်ရှိနေပြီး မင်းကင်းစိုးရိမ်ရေမှတ် ၁၃၅၀ စင်တီမီတာထက် ၁၁ စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီလို့ သိရပါတယ်။

ကြိုတင်ပြင်မှုအားကောင်းသောကြောင့် လက်ရှိအခြေအနေမှာ မင်းကင်းအတွက် စိုးရိမ်စရာမလိုသေးပေမယ့် ဒီထက် ရေတက်များလာရင်တော့ ဘာဆက်လုပ်ရမယ်ဆိုတာ မသိသေးဘူးလို့ ကိုကျော်မင်းအောင်က ပြောပါတယ်။

လက်ရှိ ရေလွှမ်းဒဏ်ကို ခံနေရတာကတော့ မင်းကင်းအမှတ် ၃ ရပ်ကွက် နေအိမ်တွေဖြစ်ပြီး ရေဘေးသင့်နေအိမ် ၆၀ ကျော်ကိုတော့ မင်းကင်းမြို့ ယွန်းကျောင်း ဘုန်းတော်ကြီးကျောင်းမှာ ယာယီနေရာချထားတယ်လိုပ ဆိုပါတယ်။

သတင်းနှင့်ဓာတ်ပုံ - မင်းရဲစစ်နိုင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013