DVB Logo
Home
မြန်မာသတင်း
မဘသကြေညာချက်အပေါ် တုံ့ပြန်မည်မဟုတ်ဟု ဦးဝင်းထိန်ပြော
DVB
·
July 9, 2016
မဘသကြေညာချက်အပေါ် တုံ့ပြန်မည်မဟုတ်ဟု ဦးဝင်းထိန်ပြော
Donate to DVB

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ. မဘသ မလိုအပ်တော့ဘူးလို့ ပြောဆိုချက်အပေါ် ဇူလိုင် ၁၄ ရက်နေ့ နောက်ဆုံးထား ပြန်လည်ဖြေရှင်းပေးဖို့ မဘသရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး တစုံတရာ တုံ့ပြန်သွားမှာမဟုတ်ကြောင်း အန်အယ်လ်ဒီက ပြောကြားလိုက်ပါတယ်။

နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းထိန်နဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တွေ့ဆုံအပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဦးဝင်းထိန်က ဖြေကြားခဲ့တာပါ။

“ကိုယ်တို့ကတော့ ဒီကိစ္စကို ကြီးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှုပပျောက်အောင် ခေါင်းထဲထည့်မထားဘူး။ သူများလာပြောလို့ ဒါကို ဘာမှ အရေးတယူလုပ်စရာအကြောင်းမရှိဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ပါတယ်၊ ကိုယ်တို့ အန်အယ်လ်ဒီပါတီမှာလည်း မူပါတယ်၊ နိုင်ငံရေးနဲ့ ဘာသာရေး ရောယှက်မှုမရှိရဘူးဆိုတဲ့ မူရှိတယ်။ အဲတော့ ဖေ့စ်ဘွတ်ခ်တွေမှာ အဓိကကျတဲ့ ပုဂ္ဂိုလ်ပြောတဲ့စကားဟာ သိပ်အောက်တန်းကျတော့ ငါးစိမ်းသည်လိုများ အောက်မေ့တယ်၊ အဲ့လိုဆိုတော့ ဒါတွေဟာ တုံြ့ပန်စရာအကြောင်းမရှိဘူး၊ တုံ့လည်းမတုံ့ပြန်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်တို့ အခုလုပ်နေတာ ဒီမိုကရေစီနိုင်ငံတည်ဆောက်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က လိမ္မာပါးနပ်စွာနဲ့ ချီတက်နေတဲ့ အချိန်မှာ ဒါမျိုးတွေ ခေါင်းထဲထည့်ပြီးတော့ အရေးတယူလုပ်လို့ရှိရင်၊ ရှင်းရှင်းပြောရရင် သခွပ်ပင်က မီးတကျည်၊ အဲ့ဒါတွေကို ခေါင်းထဲမထည့်နဲ့ ကိုယ်လုပ်စရာရှိတာတွေဆက်လုပ်။"

မြန်မာနိုင်ငံမှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) ရှိပြီးသားဖြစ်တာကြောင့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရှိဖို့မလိုအပ်ဘူးလို့ ဦးဖြိုးမင်းသိန်းက ပြီးခဲ့တဲ့ရက်ပိုင်းက စင်ကာပူနိုင်ငံကို ရောက်ရှိစဉ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မဘသ မလိုအပ်တော့ဘူးလို့ ဦးဖြိုးမင်းသိန်းရဲ့ ပြောကြားချက်အပေါ် အစိုးရအနေနဲ့ ဇူလိုင် ၁၄ ရက်နေ့ နောက်ဆုံးထားပြီး ဖြေရှင်းပေးဖို့ မဘသ (ဗဟို) က ဇူလိုင် ၇ ရက် အရေးပေါ်အစည်းအဝေးအပြီးမှာ ကြေညာချက်ထုတ်ပြန်ထားပြီး ဖြေရှင်းမပေးပါက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်သွားမယ်လို. မဘသရဲ့ ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ ဦးဝီရသူက မိန့်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013