DVB Logo
Home
မြန်မာသတင်း
အသင့်စားနိုင်သည့် ခေါက်ဆွဲကြောင့် နှလုံးနှင့်ပတ်သက်သည့်ရောဂါ ဖြစ်နိုင်ချေများ
DVB
·
July 8, 2016
အသင့်စားနိုင်သည့် ခေါက်ဆွဲကြောင့် နှလုံးနှင့်ပတ်သက်သည့်ရောဂါ ဖြစ်နိုင်ချေများ
Donate to DVB

ကိုယ်တွင်း အစာခြေချက် ကြီးထွား စွန့်ထုတ်မှုတွေနဲ့ သက်ဆိုင်တဲ့ ဓာတုဖြစ်စဉ်ကို အသင့်စားသုံးနိုင်တဲ့ ခေါက်ဆွဲထုပ်တွေက ပြောင်းလဲနိုင်ပြီး နှလုံးနဲ့ လေဖြတ်ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

တောင်ကိုးရီးယားမှာ ရိုးရိုးခေါက်ဆွဲထက် အသင့်စားသုံးနိုင်တဲ့ ခေါက်ဆွဲတွေကို ပိုမိုစားသောက်တဲ့ အမျိုးသမီးတွေက ခန္ဓာကိုယ်တွင်းက ဇီဝဖြစ်စဉ်နဲ့ သက်ဆိုင်တဲ့ ရောဂါ လက္ခဏာတွေ ပိုမိုတွေ့ရတယ်လို့ ဗေလာနဲ့ ဟားဗတ်တက္ကသိုလ် ကျန်းမာရေးဌာနက သုတေသနပြုလေ့လာရာမှာ တွေ့ရှိခဲ့တာလို့ ၀ါရှင်တန်ပိုစ့်သတင်းက ရေးပါတယ်။

ခန္ဓာကိုယ်တွင်းက ဇီဝဖြစ်စဉ်နဲ့ သက်ဆိုင်တဲ့ ရောဂါ လက္ခဏာရှိသူတွေက သွေးတိုး ဒါမှမဟုတ်ရင် သွေးထဲမှာ သကြားပါဝင်မှုပိုမြင့်သလို နှလုံး၊ လေဖြတ်နဲ့ ဆီးချိုဖြစ်နိုင်ချေပိုများတယ်လို့လည်း ဆိုပါတယ်။

အသင့်စားခေါက်ဆွဲတွေက အရသာရှိပြီး အဆင်ပြေတယ်ဆိုပေမယ့် ဆိုဒီယမ်ပမာဏပါဝင်မှု များသလို ကျန်းမာရေးနဲ့ မညီတဲ့ အဆီတွေ ပါဝင်နေတဲ့အတွက် ခန္ဓာကိုယ်တွင်းက ဇီဝဖြစ်စဉ်နဲ့ သက်ဆိုင်တဲ့ ရောဂါ ဖြစ်နိုင်ချေ အန္တရာယ်ပိုများတယ်လို့ သုတေသနလုပ်ဆောင်နေတဲ့ ဟားဗတ် လူထုကျန်းမာရေး ဌာနက ဟွမ်ရှင်းက ပြောပါတယ်။

သုတေသနအတွက် တောင်ကိုးရီးယားက အသက် ၁၉ကနေ ၆၄ နှစ်ရှိ အရွယ်ရောက်ပြီးသား လူ ၁၁၀၀၀ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

တပတ်ကို ၂ ကြိမ်နဲ့ အထက် အသင့်စားခေါက်ဆွဲကို စားတဲ့အမျိုးသမီးတွေက ခန္ဓာကိုယ်တွင်းက ဇီဝဖြစ်စဉ်နဲ့ သက်ဆိုင်တဲ့ ရောဂါ ဖြစ်နိုင်ချေပိုများတယ်လို့ ဆိုပါတယ်။

အရင်နှစ်မှာ ၅၂ နိုင်ငံက အသင့်စားခေါက်ဆွဲ အထုတ် ၉၇.၇ ဘီလီယံ ထုတ်လုပ်ရောင်းချပေးခဲ့သလို တရုတ်နဲ့ ဟောင်ကောင်က အများဆုံး စားသုံးကြသလို ဒီနောက်မှာတော့ အင်ဒိုနီးရှားက လိုက်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013