DVB Logo
Home
မြန်မာသတင်း
စင်ကာပူ အမ်အာရ်တီ ရထားပေါ်တွင် အမျိုးသမီးတဦးကို စော်ကားသည့် မြန်မာအင်ဂျင်နီယာ ထောင် ၇ လကျ
DVB
·
July 8, 2016
စင်ကာပူ အမ်အာရ်တီ ရထားပေါ်တွင် အမျိုးသမီးတဦးကို စော်ကားသည့် မြန်မာအင်ဂျင်နီယာ ထောင် ၇ လကျ
Donate to DVB

စင်ကာပူနိုင်ငံက အရှေ့-အနောက် ပြေးဆွဲတဲ့ အမ်အာရ်တီ ရထားပေါ်မှာ အမျိုးသမီးတဦးကို မတရားလုပ်တဲ့ မြန်မာအင်ဂျင်နီယာတဦးကို ဇူလိုင် ၈ ရက်က ထောင် ၇ လ ချမှတ်လိုက်ပါတယ်။

မန္တလေး စက်မှုတက္ကသိုလ်ကနေ အင်ဂျင်နီယာဘွဲ့ရတဲ့ အသက် ၃၃ နှစ်အရွယ် ကိုကျော်မျိုးသက်ကို ၂ ရက်ကြာ အမှုစစ်ဆေးအပြီး အခုလို ချမှတ်လိုက်တာလို့ စင်ကာပူ စထရိတ်တိုင်းမ်သတင်းက ရေးပါတယ်။

သူဟာ အရင်နှစ် မေ ၈ ရက်က တန်ဂျွန်ပါကား (Tanjong Pagar) ကနေ စီးတီးဟောကို သွားရောက်တဲ့ ရထားပေါ်မှာ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတဦးရဲ့ ဘယ်ဘက် ချိုင်းအောက်က ဘရာဇီယာနေရာကို ထိမိတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

အမျိုးသမီးက အလုပ်သွားစဉ် ဘိုနာဗစ္စတာ (Buona Vista) ဘူတာရုံအရောက်မှာ နေရာလွတ်ရလို့ ကိုကျော်မျိုးသက်ရဲ့ ညာဘက်မှာ ၀င်ထိုင်ခဲ့တယ်လို့ သတင်းက ရေးပါတယ်။

နောက်ပိုင်းမှာ ကိုကျော်မျိုးသက်က အနီးကိုကပ်လာပြီး နောက် သူ့ရဲ့ဘရာဇီယာက ရွေ့သွားတယ်လို့ ခံစားရကြောင်း ဆိုပါတယ်။

ဒါဟာလည်း သူ့ရဲ့အိတ်ကြောင့် ဖြစ်မယ်လို့ အမျိုးသမီးက ထင်မှတ်ခဲ့ပေမယ့် တန်ဂျွန်ပါကားဘူတာ အရောက်မှာတော့ ဒီလိုလှုပ်ရှားမှုကို ထပ်ခံစားရသလို ပိုပြီးပြင်းထန်လာလို့ ငုံ့ကြည့်ရာမှာတော့ ကိုကျော်မျိုးသက်ရဲ့ လက်ချောင်း ၃ ခုဟာ သူ့ရဲ့ ညာဖက်ရင်သားပေါ်မှာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်အတွက် ဘေးက ကိုကျော်မျိုးသက်ကို ကြည့်လိုက်ရာမှာတော့ ပြုံးပြတယ်လို့ သတင်းက ဖော်ပြပါတယ်။

ရထားက စီးတီးဟောကနေ ထွက်ခွာလာရာမှာတော့ အမျိုးသမီးက ရပ်ပြီး ဘူးဂစ်စ် (Bugis) မှာ ဆင်းခဲ့ရာမှာတော့ ကိုကျော်မျိုးသက်က သူ့နောက်ကနေ လိုက်လာတယ်လို့ ဆိုပါတယ်။

ကြောက်ရွံ့နေတဲ့ အမျိုးသမီးက ၀မ်းကွဲအစ်ကိုတွေကို ခေါ်ပြီး ဖုန်းကနေ စကားပြောပေးဖို့ ပြောဆိုခဲ့သလို အလုပ်ကိုမရောက်မချင်း ကိုကျော်မျိုးသက်က လိုက်လာတယ်လို့ ရေးပါတယ်။

နောက်နေ့မှာတော့ အမျိုးသမီးက ရဲတပ်ဖွဲ့ကို သတင်းပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ကိုကျော်မျိုးသက်ကတော့ အမျိုးသမီးကို ထိတွေ့မိတာကို ငြင်းဆန်ပြီး အိပ်ငိုက်ကာ မတော်တဆ ဖြစ်သွားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013