DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် မြို့နယ် ၅ ခုက လူပေါင်း ၂ သောင်းခွဲခန့် ဘေးကြုံနေရ
DVB
·
July 8, 2016
ရခိုင်ပြည်နယ် မြို့နယ် ၅ ခုက လူပေါင်း ၂ သောင်းခွဲခန့် ဘေးကြုံနေရ
Donate to DVB

ရခိုင်ပြည်နယ်အတွင်း ဇူလိုင်လ ၄ ရက်နေ့ ၆ ရက်နေ့အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ဒီရေမြင့်တက်မှုတွေကြောင့် ဘူးသီးတောင်၊ အမ်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ် တို့ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ရေကြီးနစ်မြုပ်မှုကြောင့် မြို့နယ် ၅ ခုက ရပ်ကွက်၊ ကျေးရွာပေါင်း ၁၀၀ နီးပါးနဲ့ လူပေါင်း ၂ သောင်းခွဲခန့် ရေဘေးကြုံနေရတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနကအကြီးတန်း စာရင်း ဒေါ်အိအိစိုးက “ပြောင်းရွှေ့ရတဲ့အိမ်ထောင်က ၅၀၁၀ ပါ။ သူတို့ရဲ့ အိမ်မှာ ရေ၀င်တဲ့အတွက် ကြောင့်မို့လို့လေ။ လူဦးရေကတော့ ၂၁၄၇၉ ပါ”လို့ ပြောပါတယ်။

ဒါ့အပြင် ရေကြီးမှုကြောင့် မင်းပြားမြို့မှာ ၁ ဦးသေဆုံးပြီး အိမ်ခြေ ၁၉ လုံး မျှောပါပျက်စီး သွားတယ်လို့လည်း ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်မှာ ကျေးရွာအုပ်စု ၂ ခုက အိမ် ၉၀ လုံး၊ အမ်းမြို့နယ်မှာ ကျေးရွာ ၁၆ ရွာ အိမ် ၁၁၄၅ လုံး၊ ကျောက်တော်မြို့နယ်မှာ အိမ် ၁၃၀ လုံး၊ မြောက်ဦးမြို့နယ်မှာ ရပ်ကွက် (၂) ခုနှင့် ကျေးရွာ ၁၈ ရွာမှ အိမ် ၇၇၁ လုံး၊ မင်းပြားမြို့နယ်မှာ ကျေးရွာ (၅၁) ခုမှ အိမ် ၂၈၉၃ လုံး” ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အဆိုပါ ရေဘေးသင့်ပြည်သူတွေအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဒေသရှိအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ ပူးပေါင်းကာကူညီ ကယ်ဆယ်ရေးများဆောင်ရွက်ပေးလျက်ရှိကြောင်း ဖောပြထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်မှာတော့ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေ မှတ်ကျော်လွန်ပြီး ရေဝင်ရောက်မှူ့များကြောင့် စာသင်ကျောင်း (၁၂)ကျောင်း အား ဇူလှိုင်လ ၅ ရက်နေ့ကေ နဒီကနေ့အထိ ပိတ်ထားရကြောင်း စစ်ကိုင်းတိုင်းအစိုးရဖွဲ့က သတင်းထုတ်ပြန်ထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013