DVB Logo
Home
မြန်မာသတင်း
ရေကြီးမှုကြောင့် နတ်တံခါးချောင်းယာယီတံတား ပျက်စီး၊ တောင်ခြေရွာများ သွားလာရေး ခက်ခဲ
DVB
·
July 8, 2016
ရေကြီးမှုကြောင့် နတ်တံခါးချောင်းယာယီတံတား ပျက်စီး၊ တောင်ခြေရွာများ သွားလာရေး ခက်ခဲ
Donate to DVB

ကလေးမြို့ အနောက်မြောက်ဘက်ဒေသ ညောင်ကုန်းရွာနဲ့ မင်းလှရွာကြားမှာရှိတဲ့ နတ်တံခါးချောင်းရေကြောင့် ယာယီ အသုံးပြုနေတဲ့ တံတားဟာ ဇူလိုင်လ ၈ ရက်နေ့ မနက်ပိုင်းက ပျက်စီးခဲ့တဲ့အတွက် ဒေသခံများ သွားလာရေး ခက်ခဲနေပါတယ်။

“တံတားက အရင်က ကွန်ကရစ်တံတား ဆောက်ထားတယ်။ ၂၀၁၅ ခုနှစ် ရေကြီးတုန်းတော့ ပါသွားတယ်။ အဲ့ဒါနဲ့ ယာယီဝါးတံတားထိုးပြီး အသုံးပြုနေရတာပါ။ ခု တံတားက ရေပါသွားတော့ လတ်တလော သွားလာမှု ခက်ခဲနေတယ်။ လတ်တလော သွားလာဖို့အရင်နှစ် ရေကြီးတုန်းကလို စတီးလ်ကြိုးနဲ့ ကူးရမလားတော့ မသိဘူး”လို့ ဒေသခံ ကိုလှထွန်းက ပြောပါတယ်။

နတ်တံခါးချောင်းတံတားဟာ ကလေးမြို့နဲ့ ၂၅ မိုင်လောက်ဝေးပြီး တဖက်ကမ်းမှာတော့ မြစိမ်း၊ မြလင်း၊ အောင်ရွာ စတဲ့ ကျေးရွာ ၅ ရွာလောက် ရှိနေပါတယ်။

ကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလွင်ဖြိုးက “လတ်တလော ယာယီတံတား ရေပါသွားပေမယ့် နောက်ဆုံးကြာရင် တစ်ပတ်လောက်ပဲ စောင့်ရမှာပါ။ အဲ့ဒီချောင်းကူးတဲ့ ကြိုးတံတားက ကွန်ကရစ်တိုင်တွေ ပြီးလို့ အသားသေဖို့ ၂၁ ရက်စောင့်တာ ပြည့်သွားပါပြီ။ တံတားအလှူရှင်က ရန်ကုန်ခဏပြန်နေလို့ပါ။ တံတားဆင်တာက သုံးရက်လောက်ပဲ ကြာမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

လက်ရှိ အခြေအနေမှာတော့ နတ်တံခါးချောင်း ရေကျနေပြီး ဒေသခံစုပေါင်းကြိုးတံတား ပျက်စီးခဲ့တာကြောင့် ကျောင်းသူ ကျောင်းသားတွေနဲ့ ဈေးသည်တွေ၊ အလုပ်သမားတွေဖြစ်တဲ့ ဒေသခံပြည်သူတွေ အတွက် သွားလာရေး အခက်အခဲ ဖြစ်နေပါတယ်။

သတင်း - မင်းရဲစစ်နိုင်၊ ဓာတ်ပုံ - အောင်ကိုဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013