DVB Logo
Home
မြန်မာသတင်း
ကျူရှင်စနစ်ပပျောက်ရေး ဆရာ၊ ဆရာမများကို လစာတိုးပေးဖို့ လိုအပ်
DVB
·
July 8, 2016
ကျူရှင်စနစ်ပပျောက်ရေး ဆရာ၊ ဆရာမများကို လစာတိုးပေးဖို့ လိုအပ်
Donate to DVB

ကျူရှင်စနစ် ပျောက်ဆုံးဖို့အတွက် သင်ကြားရေးစနစ် ပြောင်းလဲဖို့နဲ့ ဆရာ ဆရာမတွေရဲ့ လစာတိုးပေးဖို့ လိုအပ်တယ်လို့ တက္ကသိုလ်ဆရာတွေက ပြောဆိုလိုက်ပါတယ်။

အန်အယ်လ်ဒီဦးဆောင်တဲ့ အစိုးရလက်ထက်မှာ အမြစ်တွယ်နေတဲ့ ကျူရှင်စနစ်ကို ပြောင်းလဲမယ်လို့ ပြောဆိုထားပါတယ်။

ဒီကျူရှင်စနစ်ဟာ သင်ကြားရေးစနစ် မကောင်းမွန်တာ၊ ဆရာဆရာမတွေရဲ့ လစာနည်းပါးတာနဲ့ မိဘတွေရဲ့ စိုးရိမ်မှုတွေကြောင့် အမြစ်တွယ်နေတာ ဖြစ်နိုင်တယ်၊ ဒါကြောင့် ကျက်ဖြေစနစ်လို့ အများကခေါ်နေတဲ့ သင်ကြားရေးစနစ်ကို ပြောင်းလဲပြီး ဆရာဆရာမတွေရဲ့ လစာ တိုးမြှင့်ပေးရင် ကျူရှင်စနစ်ဟာ ၇၀ ရာခိုင်နှုန်းလောက်အထိ လျော့ကျသွားနိုင်တယ်လို့ ဒဂုံတက္ကသိုလ် ဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာ အာကာမိုးသူ ပြောပါတယ်။

“၇၀ ရာခိုင်နှုန်းလောက်တော့ ကျသွားနိုင်တယ်လို့ ကျနော်တို့က မှန်းတယ်။ ဘာကြောင့်လဲဆိုရင် လစာမြှင့်တဲ့နှုန်းထားမှာ Reward and Punishment လိုက်ဖို့လိုတယ်။ ပြောမယ်ဆိုရင် ဆုပေးဒဏ်ပေးစနစ်ကတော့ ကျင့်သုံးဖို့လိုတယ်။”

ကျူရှင်စနစ်ကြောင့် ကျောင်းသားတွေနဲ့ မိဘတွေမှာသာမကဘဲ ဆရာ ဆရာမတွေ အပေါ်မှာပါ ဝန်ထုပ်ဝန်ပိုး ဖြစ်နေတယ်လို့ ကျောင်းဆရာ ဆရာမတွေက ပြောပါတယ်။

ဒါ့အပြင် ကျူရှင်စနစ်ကြောင့်  ဆရာ ဆရာမတွေ အနေနဲ့လည်း ကျောင်းသားတချို့အပေါ် ခွဲခြားဆက်ဆံမှုတွေရှိသလို ကျောင်းသားတွေ အနေနဲ့လည်း ဆရာ ဆရာမတွေအပေါ် အသိအမှတ် မပြုတာတွေလည်း ဖြစ်ပေါ်လာတယ်လို့ ဆရာမတချို့က ပြောပါတယ်။

“မိသားစုကို အချိန်မပေးနိုင်ခြင်း၊ ပြီးတဲ့အခါမှာ နောက်တခုက Values ပေါ့။ ထားတဲ့တန်ဖိုးတွေက၊ အဲဒီ ကျူရှင်သင်လိုက်တဲ့အခါမှာ Values ကျတယ်။ ကျောင်းသားတွေမြင်တဲ့ အမြင်အရလည်း ကျူရှင်သင်တဲ့ဆရာ ဆရာမကို မြင်တဲ့အမြင်နဲ့ မသင်တဲ့သူကို မြင်တဲ့အမြင်က မတူဘူး” လို့ စိတ်ပညာဌာနမှ လက်ထောက်ကထိက ဒေါက်တာဝင်းပပထွန်းက ပြောပါတယ်။

ကျူရှင်စနစ်ပပျောက်ဖို့ ရည်ရွယ်ပြီး ဆရာ ဆရာမတွေရဲ့လစာ ပြည့်ပြည့်ဝဝ ရရှိဖို့အတွက် ပထမအဆင့်အနေနဲ့ ဘဏ်အကောင့်ကနေတဆင့် လွှဲထည့်ပေးတဲ့ စနစ်ကို စတင်ကျင့်သုံးမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းရောက် တက္ကသိုလ် ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကျူရှင်သင်တဲ့ ဆရာ ဆရာမတွေကို အရေးယူဖို့ အရင်အစိုးရတွေ လက်ထက်ကတည်းက ညွှန်ကြားစာတွေ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမယ့် ထိထိရောက်ရောက် အရေးယူတာတွေကိုတော့ မပြုလုပ်ခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013