DVB Logo
Home
မြန်မာသတင်း
မော်လိုက်မြို့တွင် ကမ်းပါးပြို၍ ကုန်တင်ကုန်ချရုံးနှင့် နေအိမ် ၁ လုံး ဖျက်လိုက်ရ
DVB
·
July 8, 2016
မော်လိုက်မြို့တွင် ကမ်းပါးပြို၍ ကုန်တင်ကုန်ချရုံးနှင့် နေအိမ် ၁ လုံး ဖျက်လိုက်ရ
1 / 4
Donate to DVB

ချင်းတွင်းမြစ်ရေကြီးမှုကြောင့် မော်လိုက်မြို့တွင် ဇူလိုင်လ ၆ ရက်နေ့ကစတင်ပြီး ကမ်းပါးများ ပြိုကျမှုများကြောင့် မြစ်ကမ်းဘေးရှိ ကုန်တင်ကုန်ချ အလုပ်သမားရုံးနဲ့ နေအိမ်တအိမ် ဖျက်ပစ်လိုက်ရတယ်လို့ သိရပါတယ်။

ဖျက်ပစ်လိုက်ရတဲ့ အလုပ်သမားရုံးမှာ ရွှေနဒီဆိပ်ကမ်းမှ မြို့နယ်ကုန်တင်ကုန်ချ အလုပ်သမားရုံး ဖြစ်ပြီး နေအိမ်ကတော့ ဆွယ်တော်ရပ်ကွက်မှ ကမ်းပါးဘေးဆောက်ထားတဲ့ ခြေတံရှည် နေအိမ်ဖြစ်တယ်လို့ သိရပါတယ်။

“မြစ်ရေက မော်လိုက်မြို့အနိမ့်ပိုင်းနေရာတွေမှာ ၀င်ရောက်တယ် လက်တလောမှာတော့ မြို့ထဲ လမ်းမပေါ်မရောက်သေးဘူး မနှစ်ကလည်း အခုလိုကမ်းပါးပြိုတာမျိုးတွေရှိတယ်။ အဆောက်အဦ တချို့ ဖျက်လိုက်ရတာတွေလည်း ရှိခဲ့တယ်။ ဒါပေမယ့် အခုချိန်ထိတော့ လူအသေပျောက် မရှိသေးပါဘူး။ အခုဖျက်လိုက်ရတဲ့ ရုံးနဲ့အိမ်ကလည်း စိုးရိမ်စရာအနေထား ဖြစ်နေလို့ ဖျက်လိုက် ရတာပါ’’ လို့ မော်လိုက်မြို့ဒေသခံ ကိုစည်သူအောင်က ပြောကြားပါတယ်။

မော်လိုက်မြို့တွင် ရပ်ကွက် ၁၀ ရပ်ကွက်ဝန်းကျင်ရှိပြီး အရင်နှစ်တွေက ရပ်ကွက်တချို့နဲ့ ကျေးရွာ တချို့မှာ ကမ်းပါးပြိုမှုကြောင့် နေအိမ်ပြောင်းရွှေ့ရတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

မော်လိုက်မြို့ရဲ့ စိုးရိမ်ချိန်ရေအမှတ်မှာ ၁၂၃၀ စင်တီမီတာရှိပြီး ဇူလိုင်လ ၆ ရက်နေ့က ၁၁၄၈ စင်တီမီတာသို့ရောက်ရှိကာ ဇူလိုင်လ ၈ ရက်နေ့မှာတော့ ၁၁၃၅ စင်တီမီတာရှိတယ်လို့ တိုင်းဒေသကြီး ပြန်ကြားရေးအဖွဲ့ထံမှ သိရပါတယ်။

အခုတလော ရက်များတွင် ချင်းတွင်းမြစ်ရေ မြင့်တက်မှုများကြောင့် ကလေး၊ မော်လိုက်၊ ခန္တီး၊ ဖောင်းပြင်မြို့တွေမှ အနိမ့်ပိုင်းနေရာ လူနေရပ်ကွက်တွေမှာ ရေ၀င်ရောက်နေတယ်လို့လည်း သိရပါတယ်။

သတင်း - ရန်နိုင်စိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013