DVB Logo
Home
မြန်မာသတင်း
''မဘသအဖွဲ့ မလိုအပ်ပါ'' လို့ ပြောချက်ပေါ် ဇူလိုင် ၁၄ နောက်ဆုံးထား ဖြေရှင်းဖို့ မဘသ တောင်းဆို
DVB
·
July 8, 2016
''မဘသအဖွဲ့ မလိုအပ်ပါ''  လို့ ပြောချက်ပေါ်  ဇူလိုင် ၁၄ နောက်ဆုံးထား ဖြေရှင်းဖို့ မဘသ တောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) မလိုဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြားချက်အပေါ် မဘသအဖွဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ အရေးပေါ် အစည်းအဝေးတရပ် ပြုလုပ်ခဲ့ပါတယ်။

အစည်းအဝေးအပြီးမှာတော့  ''မဘသအဖွဲ့ မလိုအပ်ပါ'' လို့ ပြောဆိုချက်အပေါ်  နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်တို့ဆီ မေတ္တာရပ်ခံလွှာ ပေးပို့ကာ ဇူလိုင် ၁၄ ရက်နေ့ နောက်ဆုံးထား တာဝန်ယူဖြေရှင်းပေးဖို့ မဘသက ကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။

ဇူလိုင် ၇ ရက်နေ့ မနက်ပိုင်းကတော့ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသနဲ့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော်ကြီးတွေကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သွားရောက်ကြည်ညို ဂါရ၀ ပြုခဲ့ပါတယ်။

ဒါအပြင်  သြဝါဒခံယူခဲ့ပြီး ဆရာတော်ကြီးတွေက ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ပြန်ပွားရေးအတွက် ဆရာနဲ့ ဒကာ ညီညွတ်စွာ  ဆောင်ရွက်ဖို့ လမ်းညွှန် သြဝါဒ မိန့်ကြားခဲ့ တယ်လို့ သူရဲ့ ဖေစ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013