DVB Logo
Home
မြန်မာသတင်း
အမျိုးသားသတင်းဆုပေးပွဲ ဇူလိုင်လ ၁၆ ရက်နေ့ပြုလုပ်မည်
DVB
·
July 8, 2016
အမျိုးသားသတင်းဆုပေးပွဲ ဇူလိုင်လ ၁၆ ရက်နေ့ပြုလုပ်မည်
Donate to DVB

မြန်မာနိုင်ငံ သတင်းစာဆရာအသင်းရဲ့ အမျိုးသားသတင်းဆု ရွေးချယ်ရေးကော်မတီက ကြီးမှူးပြီး စတုတ္ထအကြိမ် အမျိုးသားသတင်းဆုပေးပွဲကို လာယ့် ဇူလိုင်လ ၁၆ ရက်နေ့ညနေမှာ ကျင်းပမယ်လို့ အဖွဲ့က ထုတ်ပြန်ပါတယ်။

ဆုပေးပွဲ အခမ်းအနားကို ညနေ ၆ နာရီ ရန်ကုန်တိုင်း တာမွေမြို့နယ်အရှေ့ မြင်းပြိုင်ကွင်းလမ်းမှာ ရှိတဲ့ စကိုင်းစတားဟိုတယ်မျာ ကျင်းပမှာ ဖြစ်ပါတယ်။
အခုနှစ်အတွက် ဆု ၆ ဆုကို ရွေးချယ်ပေးအပ်မှာဖြစ်ပြီး အဲဒီဆုတွေကတော့ သတင်းသူရဲကောင်းဆု၊ အကောင်းဆုံးသတင်းဆု၊ အကောင်းဆုံး သတင်ဆောင်းပါဆု၊ အကောင်းဆုံး သတင်းဓာတ်ပုံဆု၊ အကောင်ဆုံး သတင်းကာတွန်းဆုနဲ့ အကောင်းဆုံးရုပ်/သံ သတင်းဆုကို ပေးအပ်ချီးမြှင့်မယ်လို့ ကြေညာထားပါတယ်။

ဆုပေးနိုင်ရေးအတွက် လက်ရှိမှာ ရွေးချယ်မှုတွေ လုပ်ဆောင်နေပြီးဆုပေးပွဲမတိုင်ခင် ကြေညာမယ်လို့ မြန်မာနိုင်ငံသတင်းစာဆရာအသင်းအတွင်းရေးမှူး ဒေါ်လဲ့လဲ့စိုးက ပြောပါ တယ်။

“အမျိုးသားသတင်းဆုအနေနဲ့ ၆ ဆုသတ်မှတ်ထားတာပေါ့နော်။ ဆုအသီးသီးမှာ သူရဲ့ ရွေးချယ်ရေး စပ်ကော်မီတီလေးတွေ ရှိပါတယ်။ အဲဒီမှာက ၀ါရင့်တွေပါတယ်။ အခုလက်တွေ့ လုပ်နေတဲ့ ဆရာတွေလည်းပါတယ်ပေါ့။ အဲဒီဆရာတွေနဲ့ ဖွဲ့ထားတဲ့အဖွဲ့ရှိပါတယ်။ အဲဒီ အဖွဲ့လေးတွေကနေပြီး ကျမတို့ဆီကို အကောင်းဆုံး ၃ ခုကိုရွေးပါမယ်။ ရွေးပြီးတဲ့ဥစ္စာကို ကျမတို့ ဗဟိုအလုပ်အမှုဆောင်ကော်မီတီတင်ပါတယ်။ အဲဒီထဲကမှ ကျမတို့ အတည်ပြုပါမယ်ရှင်။ အခုလောလောဆယ်တော့ ဆုက ရွေးချယ်နေဆဲဖြစ်တဲ့အတွက်ကြောင့်မို့ ကျမတို့ အစည်းအဝေး နောက်တခါထိုင်ပြီးမှ ဆုပေးပွဲမတိုင်ခင်မှာလည်း ကျမတို့ကြေညာဖို့ရှိပါတယ်။ ”
မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ဦးစီးပြီး အမျိုးသားသတင်းဆုပေးပွဲကို ၂၀၁၂ ခုနှစ်ကစပြီး နှစ်စဉ်ချီးမြှင့်လာခဲ့တာဖြစ်ပါတယ်။

မနှစ် ၂၀၁၅ ခုနှစ်မှာ သတင်းသူရဲကောင်းအဖြစ် သတင်းစာဆရာကြီး ဖိုးသောကြာ၊ အမျိုးသားသတင်းဓာတ်ပုံဆုကို ဓာတ်ပုံပညာရှင် ဦးစိုးဇေယျာထွန်း၊ အမျိုးသားသတင်း ကာတွန်းဆုကို ကာတွန်းပညာရှင် ဦးရွှေထူး(ပြည်)နဲ့ အမျိုးသားသတင်းရုပ်သံဆုကို ဒီဗွီဘီ သတင်းဌာနတို့ကို ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013