DVB Logo
Home
မြန်မာသတင်း
ဖော်မလင်ပါဝင်သည့် မုန့်ဟင်းခါးဖတ်နှင့် ပဲပြားတို့ကို ရန်ကုန်တိုင်းတွင်း စစ်ဆေးတွေ့ရှိ
DVB
·
July 7, 2016
ဖော်မလင်ပါဝင်သည့် မုန့်ဟင်းခါးဖတ်နှင့် ပဲပြားတို့ကို ရန်ကုန်တိုင်းတွင်း စစ်ဆေးတွေ့ရှိ
Donate to DVB

ရန်ကုန်တိုင်း၊ အင်းစိန်၊ တာမွေနဲ့ သန်လျင်မြို့နယ်တို့မှာ ဖော်မလင်ပါဝင်တဲ့ မုန့်ဟင်းခါးဖတ်နဲ့ ပဲပြားတို့ စစ်ဆေးတွေ့ရှိတယ်လို့ တိုင်းအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါ်ခင်စောလှက ပြောပါတယ်။

ဌာနအနေနဲ့ ဈေးကွက်အတွင်းရောင်းချနေတဲ့ အစားအသောက်တို့ကို နမူနာကောက်ယူပြီး စစ်ဆေးခဲ့ရာမှာ အဲ့ဒီမြို့နယ်တို့မှာ ရောင်းချနေတဲ့ မုန့်ဖတ်နဲ့ ပဲပြားတို့မှာ တွေ့ရှိခဲ့တာ ဖြစ်ပါ တယ်။

“ပဲပြားနဲ့ ပတ်သက်ပြီး ဖော်မလင်သုံးတာကို လွန်ခဲ့တဲ့ ၆ လလောက်က မန္တလေးမှာ တခေါက် ဖြစ်ပြီးပြီ၊ ဒီဟာကတော့ ဆက်လက်ပြီး သုံးစွဲနေခြင်း ရှိ မရှိ စစ်ဆေးတဲ့လုပ်ငန်း ဖြစ်ပါတယ်။ အဲ့ဒီမှာ ဖော်မလင်သုံးထားတာ တွေ့ရှိလာတဲ့အခါကျတော့ သုံးနေတဲ့သူတွေအတွက် တဈေးလုံး ကို အသိပေးပြီး ဖြစ်ပါတယ်။ ကျန်တဲ့ဈေးတွေမှာ ရောင်းချမှု ရှိ မရှိ ကိုတော့ မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ညှိနှိုင်းပြီးတော့ ဆက်လက် ဆောင်ရွက်လျက် ရှိပါတယ်။”

အင်းစိန်မြို့သစ်ဈေးမှာ ရောင်းတဲ့ မုန့်ဟင်းခါးဖတ်၊ တာမွေမေတ္တာညွန့်ဈေးနဲ့ သန်လျင်မြို့မဈေး တို့မှာ ရောင်းတဲ့ ပဲပြားတို့မှာ ဖော်မလင်သုံးထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်၊ ဓာတုဗေဒဌာနက အငြိမ်းစားကထိက စာရေးဆရာ ဒေါက်တာ ခင်မောင်ညိုကတော့ ဖော်မလင်ပါတဲ့ အစားအသောက်တွေ စွဲစားရင် အဆုတ်ကင်ဆာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“သူက အနံ့ရှူရုံနဲ့တင် ကင်ဆာရောဂါဖြစ်နိုင်တယ်။ အဓိကကတော့ အဆုတ်ကင်ဆာ ဖြစ်နိုင်တယ်။ အူမကြီးတို့ဘာတို့လည်း ဖြစ်နိုင်တယ်။ ပဲပြားကို စွဲစားရင် ဖြစ်နိုင်တယ်။ ပဲပြားမှာ ဖော်မလင်ထည့်တာကတော့ ကြာပြီဗျ။ ရန်ကုန်မှာ ပဲပြားကို ကြာရှည်အထားခံအောင် ထဲ့ကြတာ၊ မုန့်ဟင်းခါးဖတ်ကတော့ အင်းစိန်ဘက်မှာ တွေ့တာဆိုတော့ ကြည့်ရတာ တနေရာကိုပို့ဖို့ ဖော်မလင်ထည့်တာ ဖြစ်မယ်။”

မြန်မာပြည်မှာ အရင်ကတည်းက နွားနို့တွေ အထားခံအောင် ဖော်မလင်ထည့်တာ ရှိခဲ့ပြီး နောက်ပိုင်းမှာ ပဲပြားနဲ့ မုန့်ဟင်းခါးဖတ်တွေမှာပါ ထည့်သုံးလာကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013