DVB Logo
Home
မြန်မာသတင်း
ရေကြီးမှုကြောင့် ရခိုင်ပြည်နယ် မင်းပြားမှာ နေအိမ်၂၀ ကျော် ပျက်စီး
DVB
·
July 7, 2016
ရေကြီးမှုကြောင့် ရခိုင်ပြည်နယ် မင်းပြားမှာ နေအိမ်၂၀ ကျော် ပျက်စီး
1 / 10
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် လက်မ(ရခိုင်)ရွာမှာ ရေကြီးရေလျှံပြီး ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျပြီး နေအိမ်၂၀ ကျော်ပျက်စီးသွားပါတယ်။

ဒီကနေ့မနက်ပိုင်းမှာတော့ ကျေးရွာသားတွေက ကမ်းပါးပြုကျပြီးပါသွားခဲ့တဲ့ နေအိမ်တွေကို ပြောင်းရွှေ့ပေးနေရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းက ဒီဗွီဘီကိုပြောပါတယ်။

“ကျနော်ရွာပထမနေ့မှာ ရေကျလာတာ အရမ်းပြင်းတယ်။ ရေကရွာထဲကို ၇ ပေနီးပါးတက်ခဲ့ တယ်။ နေအိမ်၂၀ ကျော်ပျက်စီးသွားပါတယ်။ အခုနေအိမ်တွေရှင်းထုတ်နေရတယ်။ ရေကကျ တယ် ဆိုပေမယ့် အပျက်အစီးတွေကို ရှင်းနေရတုန်းပါ။ တချို့လူတွေဘေးလွှတ်ရာကို ပြောင်းရွေးထားတယ်ခင်ဗျ။ တချို့လူတွေက ကတော့ အမျိုးတွေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေ မှာ တက်နေကြရပါတယ်။ လက်တစ်လော စားရေးနေရေးကတော့ ရွာကရှိတဲ့ လူတွေဆီမှာ ချေးငှားစားနေရတယ်”လို့ ပြောပါတယ်။

ရွာမှာရှိတဲ့ ရေကန်သုံးကန်ဟာ ရေကြီးမှုကြောင့်နစ်မြုပ်သွားခဲ့ပြီး မိုးရေးကို ကြိုချက်သောက်သုံး နေတယ်လို့ ပြောပါတယ်။ သိုလောင်ထားတဲ့ ဆန်စပါးရိက္ခာ ရေနစ်မြုပ်သွားခဲ့တာမှာ ပါသွာခဲ့တော့ ဆုံးရှုံးမှုတန်ဖိုးကို မသိရှိရသေးကြောင့် သူက ဆက်လက်ပြောပါတယ်။

လက်တစ်လောမှာ ဘုန်းကြီးကျောင်းနှင့် နီးရာ အိမ်မြင့်များမှာခိုလှုံနေရသောက်သုံးရေများနှင့် စားနဲ့ရိက္ခာတွေ အရေးပေါ်လိုအပ်နေတာဖြစ်ပြီး၊ အဲ့ဒီ လက်မ (ရခိုင်) ကျေးရွာအိမ်ခြေ ၉၇ ဆောင်နဲ့လူဦးရေ ၅၉၀ ဦးရှိတယ်သိရပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ ရေတွေ နှစ်ပေလောက် ကျဆင်းသွားပေမယ့် လက်တလော ကယ်ဆယ်ရေးတွေပေးဖို့ အချို့ရွာတွေကို သွားရောက်နေတယ်လို့ သင်္ဂဟကမ်းလက်ရက္ခိတ အဖွဲ့မှ ဥက္ကဋ္ဌ ကိုအမ်းသားကြီး ဒီဗွီဘီကိုပြောပါတယ်။

“ဒီနေ့ မနက်ပိုင်း မင်းပြားအခြေအနေကတော့ ရေ နှစ်ပေလောက်ပြန်ကျပါတယ်။ လေးမြို့ချောင် အထက်ဖက်မှာ ဆိုရင်နေအိမ်တွေအားလုံး ဖုံးလွှမ်းရှိတယ်။ ရေနစ်သွားတဲ့ရွာတွေကို ကျနော်တို့ မနေ့က ကယ်ဆယ်ရေးသွားပေးမလို့ လုပ်နေတာပြန်လှည့်လာရတယ်။ ရေစီးအား အရမ်းသန် တယ်။ မင်းပြားနယ်ဖက် ဘယ်လောက်များ ပျက်စီးဆုံးရှုံးသွားတယ်ဆိုတာ ကျနော်တို့ မသိရသေး ခင်ဗျ။ အခြားအဖွဲတွေကတော့ ကယ်ဆယ်ရေး လာတာမတွေ့ရသေးဘူး။ ပြည်နယ် အစိုးရက လည်း မလာသေးဘူး။ မင်းပြားမြို့နယ် လေးမြို့ တစ်ချောင်းလုံးက ကျေးရွာ ၇၀ ကျော် နစ်မြုပ်သွားတာပါ။ အဲ့ဒီမှာ မင်းဖူးကျေးရွာကို ကယ်ဆယ်ရေးပေးဖို့ လုပ်နေပါတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် မင်းပြား၊ ပုဏ္ဏကျွန်း၊ မြောက်ဦး၊ ပေါက်တော၊ ကျောက်တော် စတဲ့ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကစပြီး ရေကြီးနေတာပါ။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013