DVB Logo
Home
မြန်မာသတင်း
စဥ့်ကူးတွင် လူနာတင်ယာဉ် လမ်းဘေးသစ်ပင်တိုက်၊ လူနာစောင့်အဖြစ်လိုက်ပါလာသူ သေဆုံး
DVB
·
July 7, 2016
စဥ့်ကူးတွင် လူနာတင်ယာဉ် လမ်းဘေးသစ်ပင်တိုက်၊ လူနာစောင့်အဖြစ်လိုက်ပါလာသူ သေဆုံး
Donate to DVB

စဥ့်ကူးမြို့နယ် ငွေတောင်ရွာအနီး မန္တလေး-မိုးကုတ်ကားလမ်းမှာ လူနာတင်ယာဉ်တစီး လမ်းဘေးသစ်ပင်တိုက်မိတဲ့အတွက် လူနာစောင့်အဖြစ် လိုက်ပါလာသူတစ်ဦး သေဆုံးခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ငွေတောင်ရွာအနီး မန္တလေး-မိုးကုတ်ကားလမ်းမှာ ဇူလိုင်လ ၆ ရက် နေ့ညနေ ၄ နာရီအချိန် ထီးချိုင့်မြို့က လူနာတင်ယာဉ်တိမ်းမှောက်တဲ့အတွက် လူနာစောင့်အဖြစ်လိုက်ပါလာသူတစ်ဦး သေဆုံးခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရပါတယ်။

ဇူလိုင်လ ၆ ရက်နေ့ ညနေ ၄ နာရီအချိန်က ထီးချိုင့်မြို့ အောင်ဇေယျလူမှုကူညီရေးအသင်းရဲ့ လူနာတင်ယာဉ်ကို ထီးချိုင့်မြို့ အောင်မြင့်ရပ်ကွက် ၂ မှာ နေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ကိုအောင်ဖြိုးဝေ မောင်းနှင်ပြီး ယာဉ်ပေါ်မှာ တရပ်တည်းနေ လူနာ ဦးသာကျော်၊ ကိုနောင်နောင်နဲ့ အင်းတော်မြို့ အောင်ချမ်းသာရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ် အထက်တန်းပြဆရာမ ဒေါ်သန္တာမြင့် တို့ လိုက်ပါလာတဲ့ လူနာတင်ယာဉ်ဟာ စဥ့်ကူးမြို့နယ် ငွေတောင်ရွာအနီး မန္တလေး-မိုးကုတ် ကားလမ်း မိုင်တိုင်အမှတ် ၄၄/၂ နှင့် ၃ ကြားအရောက် ထီးချိုင့်မြို့ကနေ မန္တလေးဘက်သို့ မောင်းနှင်လာတဲ့  အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကုက္ကိုပင်ကို ဝင်တိုက်ရောက်တိုက်မိခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် အထက်တန်းပြဆရာမ ဒေါ်သန္တာမြင့်ရဲ့ ပါးစပ်မှသွေးထွက်ဒဏ်ရာရကာ အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး ယာဉ်မောင်း ကိုအောင်ဝေဖြိုးရဲ့ ၀ဲဘက် ခြေသလုံးဖူးရောင်၊ ယာမျက်လုံး ညိုမဲဒဏ်ရာ၊ ဦးသာကျော်ရဲ့ နဖူးပေါက်ပြဲခဲ့ပြီး မေးအောက်ဖူးရောင်ဒဏ်ရာ၊ နောင်နောင်ရဲ့ ဦးခေါင်းယာချိုစောင်း ဖူးရောင်ဒဏ်ရာတို့ အသီးသီး(မစိုးရိမ်ရ)ရရှိခဲ့ပါတယ်။

ဒဏ်ရာရှိသူတွေကို စဥ့်ကူးမြို့နယ်ဆေးရုံသို့တင်ပို့ခဲ့ပြီး ကိုနောင်နောင်နဲ့ သေဆုံးသူ အထက်တန်းပြဆရာမ ဒေါ်ခင်သန္တာမြင့်တို့ကို မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းဆေးကုသ ခံယူခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၆ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန် ဒုရဲအုပ်ဇော်ဝင်းဦးက တရားလိုပြုလုပ်ပြီး ယာဉ်မောင်း ကိုအောင်ဝေဖြိုးကို လက်ပန်လှနယ်မြေရဲကင်းစခန်းက ယာဉ်(ပ)၃၆/၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ အရ အမှုခွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
စဥ့်ကူးတွင် လူနာတင်ယာဉ် လမ်းဘေးသစ်ပင်တိုက်၊ လူနာစောင့်အဖြစ်လိုက်ပါလာသူ သေဆုံး