DVB Logo
Home
မြန်မာသတင်း
ရေဘေးကယ်ဆယ်ရေး လှေများ ကလေးမြို့သို့ ရောက်ရှိ
DVB
·
July 7, 2016
ရေဘေးကယ်ဆယ်ရေး လှေများ ကလေးမြို့သို့ ရောက်ရှိ
1 / 3
Donate to DVB

ကလေးမြို့ရေဘေးကြုံလာပါက ကယ်ဆယ်ရေးတွေအတွက် ကူညီဆောင်ရွက်ပေးဖို့ဆိုပြီး လူကယ်ပြန်ဝန်ကြီးဌာနကနေ ဆောက်လုပ်ခိုင်းထားတဲ့ ကလေးမြို့အတွက် သစ်သားလှေတွေ ဇူလိုင်လ ၇ ရက်နေ့မှာ ကလေးမြို့ကို ရောက်လာပြီ ဖြစ်တယ်လို့ ကလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက ပြောပါတယ်။

"ကလေးဒေသ ရေဘေးအတွက်ဆိုပြီး လုပ်ထားတဲ့ သစ်သားလှေ ၃ စီး ဒီနေ့ ရောက်တယ်။ ကလေးဝကနေ ပို့တာပါ။ ဘောလုံးကွင်း ဒါမှမဟုတ် မီးသတ်ဌာနမှာ လက်ခံထားပြီးမှ ဇုန်အလိုက် ပြန်ခွဲပေးမှာ ဖြစ်ပါတယ်"လို့ ဦးအောင်ဇော်မိုးက ဆက်လက် ပြောပါတယ်။

ရေဘေးအတွက် အရေးပေါ်ကယ်ဆယ်ရေး လှေတွေကို ကလေးဝမြို့နယ် မထုကျေးရွာမှာ တည်ဆောက်ပြီး လှေကိုယ်ထည်နဲ့ စက်အပါ လှေတစ်စင်းကို ဆယ်သိန်း ဝန်းကျင် တန်ဖိုးရှိတယ်လို့ သိရပါတယ်။

ကလေးဒေသအတွက် ရေဘေးကယ်ဆယ်ရေးလှေအစင်း ၁၀ စင်း ထားရှိမှာ ဖြစ်ပြီး ဇူလိုင်လ ၇ ရက်နေ့ ရောက်လာတဲ့ လှေတွေကတော့ ကျွန်းသားနဲ့ ပြုလုပ်တဲ့ လှေသုံးစီးဖြစ်ပြီး ကျန် လှေ ၇ စီးကတော့ ဖိုက်ဘာ လှေတွေဖြစ်ပါတယ်။

ဖိုက်ဘာလှေတွေ အနေနဲ့လည်း ရန်ကုန်ကနေ ကားနဲ့ သယ်ယူပို့ဆောင်ရမှာ ဖြစ်ပြီး အခုလ မကုန်မီ ကလေးမြို့ကို ရောက်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

သဘာဝရေဘေးဒဏ် ခံခဲ့ရတဲ့ ကလေးဒေသနေ တတ်နိုင်သူ အချို့ကတော့ ၂၀၁၅ ခုနှစ် ရေဘေးအပြီးကတည်းက ကလေးမြို့မှာတင် လူ ၂၀ ခန့် တင်ဆောင်နိုင်တဲ့ သံဂွင် လှေများကို ပြုလုပ်ထားကြတာကို တွေ့ရပြီး အချို့နေအိမ်များမှာတော့ ရေဘေးကို ရင်ဆိုင်ဖို့ ၁၀ ဂါလံ ဝင်ဆံ့တဲ့ ပလပ်စတစ် ရေပုံးတွေကို စုထားကြတာကို တွေ့ရပါတယ်။

“အခုဆိုရင် မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ နေရာတော်တော်များများမှာ မိုးကောင်းနေတယ်။ တချို့ဒေသတွေဆို ရေကြီးနေတာကို တွေ့ရတယ်။ ဒီတော့ ကျွန်တော်တို့ ဒေသအတွက် ရေဘေး ကြိုတင်ပြင်ဆင်မှုတွေ ပွင့်လင်းမြင်သာအောင် ပြည်သူကိုအသိပေး လုပ်ဆောင်မှုတွေ လုပ်သင့်နေတယ်”လို့လည်း  ကလေးဒေသခံ ကိုစောမြက ပြောပါတယ်။

ကလေးဒေသ ရေဘေးအတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ကလေးခရိုင် အုပ်ချုပ်ရေး ကနေပြီး ရေဘေးကြုံလာပါက အရေးပေါ်ကယ်ဆယ်နိုင်ဖို့ ကယ်ဆယ်ရေးစခန်းတွေကို ဇုန်အလိုက် ဖြန့်ဝေအသိပေးထားပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်း - မင်းရဲစစ်နိုင်၊ ဓာတ်ပုံ - ကိုဇော်မိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013