DVB Logo
Home
Lead Story
စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ကိုးကွယ်သည့် ဆရာတော် အသတ်ခံရ
DVB
·
July 3, 2026
Photo: စန္ဒကူးမြိုင်သာသနာ့ရိပ်သာ
Photo: စန္ဒကူးမြိုင်သာသနာ့ရိပ်သာ
Donate to DVB

အာဏာရှင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုးကွယ်တဲ့ မှော်ဘီမြို့နယ်၊  အမှတ် ၂ ရပ်ကွက်၊ စန္ဒကူးမြိုင် သာသနာ့ရိပ်သာကျောင်းမှ ဆရာတော် ဦးပညာဝံသ ဇူလိုင် ၂ ရက် မနက် ၁၁ နာရီက အသတ်ခံရလို့ ပျံလွန်တော်မူသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ မနက် ၁၁ နာရီက ဆရာတော်အတွက် ဆွမ်းချိုင့်ပို့ဖို့ ခေါ်တာ မရလို့  သော့ခတ်ထားတဲ့တံခါးကို ဖွင့်ဝင်ကြည့်ရာ ဓားနဲ့ထိုးသတ်ခံရပြီး ပျံလွန်တော်မူနေတဲ့ အလောင်းကို တွေ့တာလို့ ကျောင်းဒါယကာတယောက်က  DVB ကို ပြောပါတယ်။

“ဆွမ်းချိုင့်လာပို့တဲ့ ဒါယိကာမတယောက်က ဆရာတော်ကို ခေါ်မရလို့ ကျောင်းမှာ ပန်းရန်လုပ်နေတဲ့ ကလေး ၂ ယောက်က သော့ချိတ်ထားတဲ့တံခါးကနေ ဝင်ကြည့်တာ အထဲရောက်မှ ဆရာတော် အသတ်ခံရမှန်းသိတာ။”

ဆရာတော်ရဲ့ ရုပ်အလောင်းကို တွေ့ရှိတဲ့ ပန်းရန်အလုပ်သမား ၂ ယောက်က ကျောင်းဒါယကာ တယောက်ကို ဖုန်းဆက်အကြောင်းကြားပြီးနောက် ရဲစခန်းကို ထပ်မံအကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာရှင်လက်အောက်ခံ ရဲတွေက ဆရာတော်ရဲ့ ရုပ်အလောင်းကို မှော်ဘီဆေးရုံကို ပို့ဆောင်ခဲ့ရာ ဆရာတော်မှာ သတ်ဖြတ်ခံရတာ ဖြစ်တယ်လို့ ဆေးစစ်ချက်အရ သိရကြောင်း အုပ်ချုပ်ရေးနဲ့ နီးစပ်သူက ပြောပါတယ်။

“ပျံလွန်သွားတဲ့ ဆရာတော်က အရင်က ဦးသန်းရွှေရဲ့ အခါတော်ပေးပါ။ ဗေဒင်လည်းဟောတယ်၊ တိရစ္ဆာန်တွေလည်း ဆေးကုတယ်။ ဦးသန်းရွှေ အနားယူပြီးကတည်းက ဘုန်းကြီးဝတ်နေတာ ၁၆ ဝါရှိပြီ။ ဆရာတော်ကို ကိုးကွယ်တဲ့အထဲမှာ သမ္မတဦးသိန်းစိန်လည်း ပါတယ်။ မှော်ဘီတပ်နယ်က အရာရှိကြီးတွေရောပဲ၊ လူကြီးတွေကိုးကွယ်တဲ့ဆရာတော် အသတ်ခံရတာဆိုတော့ အလုပ်ပိုရှုပ်တယ်။”

လတ်တလောမှာ စန္ဒကူးမြိုင်ရိပ်သာ ဘုန်းတော်ကြီးကျောင်းကို အာဏာရှင်စစ်တပ်နဲ့ လက်အောက်ခံရဲတွေက စစ်ဆေးနေပါတယ်။

ပျံလွန်တော်မူသွားတဲ့ ဆရာတော် ဦးပညာဝံသဟာ အရင်က စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဗေဒင်နဲ့ ယတြာ ဓာတ်ရိုက်ဓာတ်ဆင်လုပ်ပေးတဲ့ တိရစ္ဆာန် ဆေးကုဆရာဝန် ဒေါက်တာဖေဉာဏ်ဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ဘုန်းကြီးဝတ်ကာ မှော်ဘီမြို့ စန္ဒကူးမြိုင်ရိပ်သာ ဘုန်းတော်ကြီးကျောင်းမှာ သီတင်းသုံးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013