DVB Logo
Home
မြန်မာသတင်း
ပရီမီယာကော်ဖီကုမ္ပဏီက အလုပ်သမားကို လုပ်အားခပေးရန် သဘောတူညီ
DVB
·
July 7, 2016
ပရီမီယာကော်ဖီကုမ္ပဏီက အလုပ်သမားကို လုပ်အားခပေးရန် သဘောတူညီ
Donate to DVB

တရားစွဲဆိုခံထားရတဲ့ ပရီမီယာကော်ဖီထုတ်တဲ့ ကုမ္ပဏီအနေနဲ့ အလုပ်သမားတွေကိုပေးဖို့ ရှိနေတဲ့ လုပ်အားခတွေ ပေးချေဖို့ သဘောတူညီသွားပြီလို့ အလုပ်ရုံနှင့် ဥပဒေများစစ်ဆေးရေး ဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ပေါ က ဒီဗွီဘီကိုပြောပါတယ်။

ပရီမီယာကော်ဖီ ကုမ္ပဏီဟာ ဝန်ကြီးဌာနက စတင်ညှိနှိုင်းဖြန်ဖြေစဉ်က ဥပဒေရဲ့ အဆုံးအဖြတ်ပဲ ခံရယူမယ်လို့ အကြောင်းပြန်ထားတဲ့အတွက် အလုပ်ရုံနှင့် ဥပဒေများစစ်ဆေးရေး ဦးစီးဌာန (လှိုင်သာယာမြို့နယ်)က တရားလိုပြုပြီး လှိုင်သာယာမြို့နယ်တရားရုံးမှာ ဇွန်လ ၂၈ ရက်နေ့က တရားစွဲဆိုထားတာဖြစ်ပါတယ်။

အလုပ်ရုံနှင့် ဥပဒေများစစ်ဆေးရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ပေါက “မနေ့က (ဇူလိုင် ၆ရက်) ကျနော်ဆီဆက်သွယ်ပြီး အလုပ်သမားတွေကိုပေးရမယ့် လုပ်အားခတွေ ပေးဖို့ သဘောတူတယ်လို့ြောတယ်။ သူတို့တွက်နေတယ် ။ ဒီနေ့ (ဇူလိုင် ၇ ရက်) စာရင်းတွေပေးမယ်လို့ ပြောတယ်။ ဘယ်နေ့ပေးမယ်တော့ မသိရသေးဘူး။ ဥပဒေအရ တရားစွဲ ထားတာကတော့ ဒီအတိုင်းပဲ။ မရုပ်သိမ်းဘူး”လို့ ပြောပါတယ်။

ပရီမီယာကော်ဖီကုမ္ပဏီ အနေနဲ့အလုပ်သမား ၃၀၀ နီးပါးကို ပေးရမယ့်လုပ်အားခ ကျပ်သိန်း ၅၂၅ သိန်းကျော်တယ်လို့ သိရပါတယ်။

ဒီကုမ္ပဏီကို အချိန်ပို လုပ်အားခ အပြည့်အဝမပေးတဲ့အတွက် ၁၉၅၁ အလုပ်ရုံများ အက်ဥဒေ ပုဒ်မ ၈၅ နဲ့၊နားရက်မပေးတဲ့အတွက် ၁၉၅၁ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ ၁၄(၁)တွေနဲ့ တရားစွဲဆိုထားတာပါ။

စွဲဆိုထားတဲ့ဥပဒေတွေအရ ပြစ်မှုထင်ရှားရင် ၁၉၅၁ အလုပ်ရုံများ အက်ဥဒေပုဒ်မ ၈၅ အရ ပိုင်ရှင်နဲ့ မန်နေဂျာကို ဒဏ်ငွေကျပ်သိန်း ၂၀ စီ၊ ၁၉၅၁ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ ၁၄(၁)အရ ပိုင်ရှင်နဲ့မန်နေဂျာကို ဒဏ်ငွေ ကျပ်၅သောင်းစီ ဒဏ်ရိုက်အရေးယူနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013