DVB Logo
Home
မြန်မာသတင်း
မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ယူရို ၅၂၇ သန်းကျော် ရောင်းချနိုင်ခဲ့
DVB
·
July 7, 2016
မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ယူရို ၅၂၇ သန်းကျော် ရောင်းချနိုင်ခဲ့
1 / 2
Donate to DVB

နေပြည်တော် မဏိရတနာခန်းမမှာ ဇွန်လ ၂၄ ရက်နေ့ကနေ ဇူလိုင်လ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ ၅၃ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ ပုလဲနဲ့ ကျောက်မျက်၊ ကျောက်စိမ်း တန်ဖိုးငွေ စုစုပေါင်း ယူရို ၅၃၃ ဒသမ ၄၉ သန်းရောင်းချနိုင်ခဲ့တယ်လို့ ပြပွဲကျင်းပရေးကော်မတီထံက သိရပါတယ်။

13321629_264295863945044_4414101021123778536_nပြီးခဲ့တဲ့ ၅၂ ကြိမ်မြောက် ပြပွဲမှာ ကျောက်စိမ်းကျောက်မျက် စုစုပေါင်း ယူရို ၉၄၄ သန်းရောင်းချနိုင်ခဲ့ပြီ ယခု ၅၃ ကြိမ်မြောက် ပြပွဲမှာကတော့ ယူရို ၅၂၇ ဒသမ ၀၈ သန်းရောင်းချနိုင်ခဲ့တယ်လို့သိရပါတယ်။

"ခုစာရင်းတွေက Deposite ပဲပေးပြီးဝယ်သွားတာပဲရှိသေးတယ်။ တန်ဖိုးအကုန်လုံးကို လက်ထဲမှာရနေတာ မဟုတ်သေးဘူး။ ငွေချေဖို့အတွက်ကို ရက်ပေါင်း ၉၀ သတ်မှတ်ထား ပါတယ်။ အခုရောင်းရတဲ့ ၅၂၇ ဒသမ ၀၈ သန်းရမယ့်လို့မမျှော်လင့်ပါဘူး။ ငွေမချေတဲ့ ကုန်သည် တွေကို ပထမအဆင့် Deposite သိမ်းတယ်။ ဒုတိယအဆင့်က ပြပွဲတက်ရောက်ခွင့် (၃) ကြိမ်ပယ်တယ်"လို့ သတ္ထုတွင်းဝန်ကြီးဌာနက ဒုတိယညွှန် ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောပါတယ်။

အခုကျင်းပပြုလုပ်ခဲ့တဲ့ ၅၃ ကြိမ်မြောက်ပြပွဲမှာ ပုလဲတွဲပေါင်း ၂၈၉ တွဲ (ယူရို ၁ ဒသမ ၃၇ သန်း တန်ဖိုး) ကျောက်မျက်တွဲပေါင်း ၃၅၃ တွဲအားပြသခဲ့ပေမယ့် ၃၄ တွဲ (ယူရို ၃ ဒသမ ၂၉ သန်း တန်ဖိုး) ရောင်းချနိုင်ခဲ့တယ်လို့ ပြပွဲကျင်းပရေးကော်မတီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရတာပါ။

အခု ပြပွဲကို တရုတ်ပြည်က ကုန်သည် ၂၀၁၇ ဦး၊ သြစတေးလျက ၁ ဦး၊ အိန္ဒိယက ၆ ဦး၊ ဂျပန်က ၁၁ ဦး၊ စင်ကာပူက ၅ ဦး၊ ထိုင်းက ၂၇ ဦး၊ သြစတေးလျက၁ ဦးနှင့် အင်ဒိုနီးရှားက ၁ ဦးနဲ့ ပြည်တွင်းနိုင်ငံသား ကုန်သည် ၂၁၀၈ ဦးတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013