DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် မလေးရှားခရီးစဉ်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် တွေ့မည်
DVB
·
July 7, 2016
ဒေါ်အောင်ဆန်းစုကြည် မလေးရှားခရီးစဉ်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် တွေ့မည်
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် သြဂုတ်လမှာ မလေးရှားနိုင်ငံကို သွားရောက်ဖို့ရှိနေပြီး အဲဒီခရီးစဉ်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဆုံဖို့ ရှိနေတယ်လို့ အေအဲန်အိုင်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် မလေးရှားနိုင်ငံကို သွားရောက်တဲ့ ဒီခရီးစဉ်ဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး ဒီတကြိမ်ကတော့ အန်အယ်ဒီအစိုးရသစ်လက်ထက် ပထမအကြိမ်သွားရောက်တာပဲ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီတွေ့ဆုံမှုဟာ မလေးရှား - မြန်မာ နှစ်နိုင်ငံကြား မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

“နှစ်ဘက်နိုင်ငံအစိုးရ တာဝန်ရှိသူတွေဟာ တွေ့ဆုံမယ့်ရက် အတိအကျကို စီစဉ်နေကြပါတယ်။ နှစ်နိုင်ငံ အလုပ်သမားရေးရာဝန်ကြီးတွေ အနေနဲ့လည်း နားလည်မှု စာချွန်လွှာ သဘောတူ လက်မှတ်ရေးထိုးဖို့လည်း ရှိနေပါတယ်” လို့ ဦးဇော်ဌေးက မြန်မာတိုင်းမ်နဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့လကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ အလည်အပတ်ခရီးစဉ် အတွင်း ထိုင်းနိုင်ငံမှာ ရှိနေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ တွေ့ဆုံခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သုံးရက်တာ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်း-မြန်မာနှစ်နိုင်ငံကြား အလုပ်သမားရေးရာ ၀န်ကြီးတွေဟာ သဘောတူညီချက် ၂ ခု၊ နားလည်မှုစာချွန်လွှာ ၁ ခုနဲ့ နယ်စပ်ဖြတ်ကျော် အလုပ်လုပ်ကိုင်မှုဆိုင်ရာ ကိစ္စရပ်တွေအတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

လက်ရှိမှာတော့ မလေးရှားနိုင်ငံမှာ နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အရေအတွက်ဟာ ၅ သိန်းနဲ့ ၇ သိန်းကြားရှိမယ်လို့ ခန့်မှန်းထားပြီး အများစုကတော့ တရားဝင် စာရွက်စာတမ်းတွေမရှိဘဲ နေကြတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013