DVB Logo
Home
မြန်မာသတင်း
သီပေါစော်ဘွား စ၀်ကြာဆိုင်အကြောင်းရုပ်ရှင် ထိုင်းတွင် ပြသခွင့်ပိတ်
DVB
·
July 6, 2016
သီပေါစော်ဘွား စ၀်ကြာဆိုင်အကြောင်းရုပ်ရှင် ထိုင်းတွင် ပြသခွင့်ပိတ်
Donate to DVB

ပြီးခဲ့တဲ့လက မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနိုင်ငံ တကာ ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ပိတ်ပင်ခံခဲ့ရတဲ့ သီပေါစော်ဘွား စ၀်ကြာဆိုင်အကြောင်း ရိုက်ကူးထားတဲ့ Twilight Over Burma ရုပ်ရှင်ကားကို ထိုင်းနိုင်ငံမှာလည်း ပြသခွင့် ပိတ်ပင်လိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာပွဲစီစဉ်သူတွေဆီက သတင်းထုတ်ပြန်တာမျိုး တွေမရှိခဲ့ဘဲ အခုလို ပိတ်ပင်ခံရတာဟာ ၂ နှစ်နိုင်ငံ ဆက်ဆံရေးအခြေနေကြောင့် ဖြစ်နိုင်ကြောင်း သည်နေရှင်းသတင်းမှာ ဒီနေ့ ဖော်ပြပါတယ်။

သီပေါစော်ဘွားစ၀်ကြာဆိုင်ဟာ အမေရိကန်နိုင်ငံ၊ ကိုလိုရာဒိုတက္ကသိုလ်မှာ သတ္တုမိုင်းအင်ဂျင်နီယာဘွဲ့ရရှိခဲ့ပြီး ပညာတော်သင်နေစဉ်ကာလမှာ မေတ္တာမျှခဲ့တဲ့ သြစ တြီးယားနိုင်ငံသူ အင်ဂါ ဆားဂျင့်ကို မဟာဒေ၀ီအဖြစ် တင်မြှောက်ခဲ့ပါတယ်။

အဲဒီနောက် သူတို့တတ်မြောက်လာတဲ့ ခေတ်ပညာတွေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ် ငန်းတွေ အတူလက်တွဲဆောင်ရွက်နေချိန်မှာ ဗိုလ်ချုပ်နေ၀င်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီအစိုးရလက်ထက်မှာ ပဒေသရာဇ်စော်ဘွားတွေကို ဖမ်းဆီးထောင်ချတာ ခံခဲ့ရတာပါ။

အဖမ်းခံရတဲ့ စော်ဘွားတွေထဲမှာ သီပေါစော်ဘွားစ၀်ကြာဆိုင်ပါဝင်ခဲ့ပြီး ထောင်ထဲမှာ သေသည်၊ ရှင်သည်မသိရပဲ ပျောက်ဆုံးနေခဲ့ပါတယ်။

မဟာဒေ၀ီဟာ အကြိမ်ကြိမ်တွေ့ဆုံခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် အမျိုးမျိုးခြိမ်းခြောက် ခံခဲ့ရတာမို့ သူဟာ သမီးတော် ၂ ပါးနဲ့အတူ သြစတြီးယားကို အပြီးပြန်ခဲ့ရပါတယ်။

မဟာဒေ၀ီဟာ သူကြုံတွေ့ခဲ့ရတဲ့ ခါးသည်းတဲ့ဘ၀နဲ့ မြန်မာစစ်အာဏာရှင်တွေရဲ့ အကြောင်းကို စာအုပ်အဖြစ်ရေးသားခဲ့ချိန်မှာတော့ ကမ္ဘာကျော်စာအုပ်တအုပ်ဖြစ်လာခဲ့တာပါ။

ဒီဖြစ်ရပ်မှန်ဇာတ်လမ်းကို သြစတီးယားရုပ်ရှင်ကုမ္ပဏီ ဒေါဖလင်မ်က ရိုက်ကူးခဲ့ပြီး သြစတြီးယားရုပ်ရှင်မင်းသမီး မာရီယာ အဲရစ်နဲ့ ထိုင်းရုပ်ရှင်မင်းသား ဒါဝီ ရစ်ချူလာဆာ တို့က ပါဝင်သရုပ်ဆောင်ထားကြတာပါ။

ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေကိုတော့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အဓိက ဇာတ်အိမ်တည် ရိုက်ကူးထားခဲ့တာပါ။
ခုတားမြစ်ခံခဲ့ရတဲ့ ဒီရုပ်ရှင်ဇာတ်ကားဟာ တခြားပြသခွင့်မရရှိခဲ့တဲ့ ဇာတ်ကား ၃ ကားထဲက တကားအပါအ၀င်ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013