DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်ရေတိုးလာ၊ ခန္တီးမြို့ရှိ အိမ်ထောင်စု ၁၆၆ ခန့် ရေလွတ်ရာရွှေ့ပြောင်း
DVB
·
July 6, 2016
ချင်းတွင်းမြစ်ရေတိုးလာ၊ ခန္တီးမြို့ရှိ အိမ်ထောင်စု ၁၆၆ ခန့် ရေလွတ်ရာရွှေ့ပြောင်း
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ ချင်းတွင်းမြစ်ရေတိုးလာတာကြောင့် အိမ်ထောင်စု ၁၆၆ စုလောက်ကို ရေလွတ်ရာရွှေ့ပြောင်းပေးထားရတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းစိန် က ပြောပါတယ်။
မနေ့ကစလို့ အနိမ့်ပိုင်း မင်္ဂလာရပ်ကွက် နေအိမ်တွေ စတင်ပြောင်းရွှေ့ ခဲ့ကြရတာလို့လည်း ပြောပါတယ်။

“မြို့ရဲ့ အနိမ့်ပိုင်းကနေ ပြန်ဝင်လာတဲ့ရေ၊ အောင်သာမှာ မြစ်ရေ၀င်ပြီးတော့မှ ပတ်လာတဲ့ ဟာပေါ့၊ သာစည်ဘုန်းကြီးကျောင်းမှာ ရွှေ့တယ်။ အမှတ် ၃ ကျောင်းနဲ့ ပေါမိုင်း ဘုန်းကြီးကျောင်းတွေကို ရွှေ့ထားတယ်။ အခု ကျနော်ရောက်နေတဲ့ မြသိန်းတန်ဘုရားကုန်းမှာက များတယ်။ အိမ်ထောင်စု စုစုပေါင်း ၁၆၆ လောက် ရှိတယ်။ လူဦးရေ ၄၀၀ လောက်ပေါ့။”

ခန္တီးမှာ လက်ရှိ ချင်းတွင်းမြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ် ၁၃၆၀ အထက် ၁၄၀၀ ကျော်မှာ ရှိနေပြီး မိုးမရွာတော့တဲ့အတွက် ရေတန့်နေတယ်လို့လည်း ပြောပါတယ်။

ခန္တီးအောက်ဘက် ဖောင်းပြင်မှာလည်း အနိမ့်ပိုင်းရပ်ကွက် ၂ ခု ရေ၀င်နေပေမယ့် အိမ်ထောင်စုပြောင်းရွှေ့ထားရတဲ့ထိ အခြေအနေမရှိပါဘူး၊

အလားတူ ဟုမ္မလင်းမှာလည်း ရေမကြီးဘဲ ရေလယ်ကျွန်းတချို့ ရေမြုပ်တာပဲ ရှိတယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းတွင်းမြစ်ရိုးတလျှောက်ရှိ ခန္တီး၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ မော်လိုက် စတဲ့ မြို့တွေမှာ ဇူလိုင်လကုန်ပိုင်းနဲ့ သြဂုတ်လဆန်းပိုင်းတို့မှာ အကြီးအကျယ် ရေကြီးလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေဖြစ်တဲ့ မန္တလေးတိုင်၊ စစ်ကိုင်းတိုင်း ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး ရေလျံမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးဇလက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013