DVB Logo
Home
မြန်မာသတင်း
မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ချင်းတွင်းမြစ်အထက်ပိုင်းမြို့များ စိုးရိမ်ရေအမှတ်ကျော်လွန်
DVB
·
July 6, 2016
မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ချင်းတွင်းမြစ်အထက်ပိုင်းမြို့များ စိုးရိမ်ရေအမှတ်ကျော်လွန်
Donate to DVB

မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ချင်းတွင်းမြစ်အထက်ပိုင်းမြို့များ စိုးရိမ်ရေအမှတ်ကျော်လွန် နေတယ်လို့ စစ်ကိုင်းတိုင်းမိုးဇလဦးစီဌာနက ဦးအရာရှိက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်အထက်ပိုင်းဒေသတွေမှာ မိုးဆက်တိုက်ရွာသွန်း တဲ့အတွက် ခန္တီး၊ ဟုမ္မလင်း စတဲ့မြို့တွေမှာ   စိုးရိမ်ရေအမှတ်ကျော်လွန်နေပြီး ဖောင်းပြင်၊ မော်လိုက် စတဲ့မြို့တွေမှာလည်း စိုးရိမ်ရေအမှတ်နားသို့ ရောက်ရှိနေပြီး ၂၄ နာရီအတွင်း   စိုးရိမ်ရေအမှတ်ကို ကျော်လွန်လာနိုင်တယ်လို့ တိုင်းမိုးဇလဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်သင်းသင်းခိုင်က ပြောပါတယ်။

ဇူလိုင်လ ၆ ရက်နေ့ နေ့လည် ၁၂နာရီခွဲအချိန် တိုင်းတာချက်များအရ ခန္တီးမြို့မှာ ၁၄၁၇ စင်တီမီတာ၊ ထိရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ထက် ၂ပေခန့်မြင့်တက်နေကာ ဟုမ္မလင်းမြို့မှာ ၂၉၄၃ စင်တီမီတာ၊ ရောက်ရှိပြီး စိုးရိမ်ရေအမှတ်ထက် ၁ ပေခွဲခန့် မြင့်တက်လျက်ရှိပါတယ်။

ဖောင်းပြင်မြို့မှာတော့ ၁၂၉၉ စင်တီမီတာ၊ မော်လိုက်မြို့မှာ ၁၁၄၈ စင်တီမီတာ၊ ကလေးဝမြို့မှာ ၁၃၆၉ စင်တီမီတာ၊ မင်းကင်းမြို့မှာ ၁၂၀၉ စင်တီမီတာ၊ ကနီမြို့မှာ ၁၀၁၅ စင်တီမီတာနဲ့ မုံရွာမြို့မှာ ၈၆၂ စင်တီမီတာအထိ အသီးသီးရောက်ရှိပြီး ဆက်လက်မြင့်တက်နေပါတယ်။

ဇူလိုင်လ ၅ရက်နေ့က ခန္တီးမြို့မှာ မိုးရေချိန် ၄.၆၅ လက္မ၊ ဟုမ္မလင်းမြို့မှာ ၀.၅၉ လက္မနှင့် တမူးမြို့တို့မှာ ၀.၈၆ လက္မအသီးသီးရွာသွန်းခဲ့ပါတယ်။

အခုလို ချင်းတွင်းမြစ်အထက်ပိုင်းရှိမြို့အချို့မှာ စိုးရိမ်ရေအမှတ်ကျော်လွန်နေပေမယ့် ရေကြောင်း ပို့ဆောင်ရေးအနေနဲ့ ချင်းတွင်းမြစ်ကြောင်းသွား ရေယာဉ်တွေကို သတိပေးထုတ်ပြန်ချက် တစုံတရာထုတ်ပြန်တာ မရှိသေးဘူးလို့ အမြန်ရေယာဉ်ဂိတ်မှူးတဦးက ပြောပါတယ်။ အခုအချိန် အထိတော့ ရေယာဉ်တွေက ပြေးဆွဲနေဆဲဖြစ်ပါတယ်။

သတင်း - အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013