DVB Logo
Home
မြန်မာသတင်း
မင်းပြားမြို့နယ် ရွာပေါင်း ၂၅ ရွာ ရေကြီးရေလျှံမှု ဖြစ်ပေါ် (ရုပ်သံ)
DVB
·
July 6, 2016
မင်းပြားမြို့နယ် ရွာပေါင်း ၂၅ ရွာ ရေကြီးရေလျှံမှု ဖြစ်ပေါ် (ရုပ်သံ)
Donate to DVB

ရခိုင်ပြည်နယ် မင်းပြားမြို့ပေါ်နဲ့ ရွာပေါင်း ၂၅ ရွာမှာ ဇူလိုင် ၃ ရက်ကစပြီး ဒီနေ့ထိ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။

မင်းပြာမြို့နယ်ရဲ့  ပန်းမြောင်းကြီး၊ လေးမြို့၊ ဖုန်သာ၊ မင်းဖူးစတဲ့ ချောင်းရိုးတလျှောက်က ရွာပေါင်း ၂၅ ရွာမှာ ရေလွှမ်းနေမှုတွေ ဖြစ်ပေါ်နေတာပါ။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ပေါက်တော၊ ကျောက်တော်  စတဲ့ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကစပြီး  ရေကြီးနေတာမှာ ဒီကနေ့ အထိ ရေမကျသေးတဲ့အတွက် ထောင်နဲ့ချီတဲ့ ပြည်သူတွေ ရေဘေးသင့်နေကြပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း ရေကြီးတဲ့နေရာမှာ ကိုယ်တိုင်သွားရောက်ပြီး လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးဖို့  သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားသလို မနေ့ တုန်းက မြို့နယ် ၃ ခုအတွက် စားနပ်ရိက္ခာအကူအညီပေးခဲ့တယ်လို့  ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဒီဗွီဘီကို  ပြောပါတယ်။

ဒါ့အပြင် မြောက်ဦးမြို့ကနေ အမ်းမြို့ဆီ သွားတဲ့ကားတွေ ၁၀ စီး ရှေ့ဆက်သွားလို့မရသလို နောက်ပြန်လှည့်လို့မရတဲ့အတွက် အမ်းမြို့နယ်အတွင်းက ကဇုကိုင်း ချောင်းနီးမှာ ဒီနေ့ မနက်ပိုင်းက ပိတ်မိနေပါတယ်။

ရုပ်သံ - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013