DVB Logo
Home
မြန်မာသတင်း
ကားနှစ်စီးတနေရာတည်းတွင် လမ်းဘေးသို့ အရှိန်လွန်ထိုးကြ
DVB
·
July 6, 2016
ကားနှစ်စီးတနေရာတည်းတွင် လမ်းဘေးသို့ အရှိန်လွန်ထိုးကြ
1 / 5
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဒေါင့်စုကျေးရွာအနီး ကားလမ်းပေါ်မှာ ဒီနေ့ မနက်ပိုင်းက ခရီးသည်တင်မှန်လုံကားတစီးနှင့် ကီယာလိုက်ထရပ်ကားတစီးတို့ တနေရာထဲမှာ လမ်းဘေးကို အရှိန်လွန်ကာ ထိုးကြခဲ့ပါတယ်။

ဒီနေ့ မနက် ၈ နာရီခွဲလောက်က ရန်ကုန်ဘက်ကနေ မောင်းနှင်လာတဲ့ ကီယာလိုက်ထရပ်ကား ဟာ ဇလွန်အဝင် ဒေါင့်စုကျေးရွာအနီးမှာ ရှေ့ကားတစီးကို ကျော်တက်ခဲ့ရာက အရှိန်မထိန်း နိုင်တဲ့အတွက် ညာဘက်လမ်းဘေးကို ထိုးကြခဲ့ပါတယ်။ နောက် ၁၄ မိနစ်အကြာ ၈ နာရီ ၄၄ မိနစ်မှာ ဟင်္သာတမြို့ကနေ ထွက်ခွာလာတဲ့ ရွှေကမ္ဘာမှန်လုံကား တစီးလည်း ကီယာလိုက်ထရပ် ကား လမ်းဘေးထိုးကြခဲ့တဲ့ မလှန်းမကမ်းမှာပဲ အလားတူ လမ်းဘေးသို့ ထိုးကြခဲ့ပြီး ကားလမ်း ပိတ်ဆို့တာတွေ ဖြစ်ခဲ့ရပါတယ်။

မိုးရွာသွန်းနေချိန်မှာ ကားကို အရှိန်ပြင်းစွာမောင်းနှင်ခဲ့တဲ့အတွက် အခုလို လမ်းဘေးထိုးကြခဲ့ တာလို့ ကားပေါ်မှစီးနင်းလိုက်ပါလာတဲ့ ခရီးသည် တချို့က ပြောပါတယ်။

ခရီးသည်တဦးတယောက်မှ ထိခိုက်ဒဏ်ရာရရှိတာ မရှိဘဲ အခုလို မိုးရာသီမှာ မကြာခဏ လမ်းချော်ပြီး လမ်းဘေးထိုးကြတာတွေ ဖြစ်ပေါ်တတ်တယ်လို့ သိရှိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ကိုကြက် (ဟင်္သာတ)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013