DVB Logo
Home
မြန်မာသတင်း
ရေကြီးမှုကြောင့် အမ်းမြို့နယ် ကဇုချောင်အနီးလမ်းမပေါ် လူ ၁၀၀၀ ခန့် ပိတ်မိနေ
DVB
·
July 6, 2016
ရေကြီးမှုကြောင့် အမ်းမြို့နယ် ကဇုချောင်အနီးလမ်းမပေါ် လူ ၁၀၀၀ ခန့် ပိတ်မိနေ
1 / 5
Donate to DVB

ရခိုင်ပြည်နယ်အတွင်းရေကြီးမှုကြောင့် မြောက်ဦးမြို့ကနေ အမ်းမြို့ဆီ သွားတဲ့ကားတွေ ၁၀ စီး ရှေ့ဆက်သွားလို့မရသလို နောက်ပြန်လှည့်လို့မရတဲ့အတွက် အမ်းမြို့နယ်အတွင်းက ကဇုကိုင်း ချောင်းနီးမှာ ပိတ်မိနေပါတယ်။

ကား ၁၀ စီးပေါ်မှာ အစိုးရတာဝန်ရှိသူတွေအပါအ၀င် လူပေါင်း တထောင်ခန့်ပိတ်မိနေတယ်လို့ အဲဒီမှာ ပိတ်မိနေတဲ့ တနင်္သာရီတိုင်း​ဒေသကြီး ​ရေလုပ်​ငန်းမိတ်​ဖက်​အဖွဲ့ ဗဟိုဦး​ဆောင်​​ကော်​မတီ ဝင်​ ဦးတင်ကိုကိုဦးက ပြောပါတယ်။

“အခုလောလောဆယ် ကား ၁၀ စီးတိုတော့ လူပေါင် ၁၀၀၀ လောက် ရွာသားတွေရော ပိတ်မိနေတယ်။ ကျနော်တို့ အခု ကဇုကိုင်း အမ်းမြို့မရောက်ခင် ဟိုင်းဝေးကမ်းလမ်းမပေါ်မှာဗျာ။ အဲဒီမှာ ကျနော်တို့ တောင်နားကပ်ပြီးနေတဲ့ အပိုင်းက လွတ်တေယ်။ ဒါပေမယ့် အနောက်ရယ် မြောက်ရယ် အနောက်ဖက်ရယ်က ရေက တက်လာပြီး။”

အခု လက်ရှိပိတ်မိသူထဲမှာ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်က ကိုယ်စားလှယ် တွေ ပါဝင်နေတဲ့အတွက် အရေးပေါ်ကူညီဖို့ခေါ်ယူထားတပြီး ရခိုင်ပြည်နယ်ကူညီ ကယ်ဆယ်ရေးအဖွဲ့ကလည်း လာရောက်ကူညီပေးနေတယ်လို့ ပြောပါတယ်။

ဒါပေမယ့် အစိုးရလွတ်တော်ကိုယ်စားလှယ်တွေကိုသာအရင် သယ်ယူသွားမှာဖြစ်တဲ့အတွက် ကျန်သူတွေအတွက် ခေါ်ယူဖို့လိုအပ်တေယ်လို့ ပြောပါတယ်။
လက်ရှိ စားဝတ်နေရေးအတွက် အနီးအနားက ရှိတဲ့ဆိုင်တွေမှာ လတ်တလောဖြေရှင်နေရပြီး ပိတ်မိသူတွေထဲမှာ ကလေးငယ်တွေပါနေတဲ့အတွက် အရေးပေါ်ကူညီဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာလည်း မိုကောင်းပြီး တောင်ကျချောင်းရေဆင်းနေသလို ဒီရေတက်တဲ့အတွက် ရေမကျနိုင်သေးဘဲ တောက်ခံနေတဲ့အတွက်တပတ်လောက် ကြာနိုင်တယ်လို့လည်း ဦးတင်ကိုကိုဦးက ပြောပါတယ်။
ဓာတ်ပုံ - Nadar Sara

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013