DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံး သစ်ထုတ်လုပ်မှု တနှစ် ရပ်ဆိုင်း၊ ပဲခူးရိုးမကို ၁၀ နှစ်ရပ်ဆိုင်းမည်
DVB
·
July 6, 2016
တနိုင်ငံလုံး သစ်ထုတ်လုပ်မှု တနှစ် ရပ်ဆိုင်း၊ ပဲခူးရိုးမကို ၁၀ နှစ်ရပ်ဆိုင်းမည်
Donate to DVB

တနိုင်ငံလုံးအတိုင်းအတာနဲ့ သစ်ထုတ်လုပ်မှုလုပ်ငန်းကို ဒီ ၂၀၁၆-၁၇ မှာ တနှစ်ရပ်ဆိုင်း လိုက်ပြီး ပဲခူးရိုးမသစ်ထုတ်လုပ်မှုကိုတော့ ၁၀ နှစ် ရပ်ဆိုင်းမယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာ့သစ်လုပ်ငန်း ပြောခွင့်ရသူ ဦးအေးချိုသောင်းက ပြောပါတယ်။

သစ်ထုတ်ရာသီဖြစ်တဲ့ အခုနှစ် ၂၀၁၆ ဇွန်လ ၁ ရက်နေ မေလ ၃၁ ရက်နေ့အထိ တနိုင်ငံလုံးက သစ်ထုတ်လုပ်မှုကိုရပ်ဆိုင်းထားပြီး ပဲခူးရိုးမရှိ ကျွန်းသစ်တောကို ထိန်းသိမ်းဖို့ ၁၀ နှစ်ရပ်ဆိုင်း မှာဖြစ်တယ်လို့ ဦးအေးချိုသောင်းက ဒီဗွီဘီကို ပြောပါတယ်။

“သစ်ထုတ်တဲ့လုပ်ငန်းတွေကို ကျနော်တို့က ၂၀၁၆-၁၇ မှာ တပြည်လုံး ရပ်ဆိုင်းထားတယ်။ ရပ်ဆိုင်းပြီးတော့ သစ်တောရဲ့ ထုတ်ပေးနိုင်တဲ့ပမာဏတွေကို ကျနော်တို့ ပြန်ပြီးစာရင်းကောက် နေပါတယ်။ အဲဒါကြောင့် ဒီနှစ်တနှစ်ကတော့ သစ်မထုတ်ပါဘူး။ နောက် ၁၀ နှစ်အထိကတော့ ပဲခူးရိုးမ ကြီးပေါ့နော်။ ပဲခူးရိုးမကြီးက မြန်မာနိုင်ငံရဲ့ ကျွန်းပေါက်တဲ့တောကြီးပေါ့နော်။ သူ့ဆီက ထုတ်လာတဲ့ အချိန်ကာလက ကြာလာပြီဆိုတော့ ပဲခူးရိုးမက မြန်မာနိုင်ငံရဲ့အဓိက ကျွန်းပေါက်တဲ့တောဖြစ်တယ်။ ကမ္ဘာမှာလည်း ကျွန်းပေါက်တဲ့ဒေသအဖြစ် ထင်ရှားတဲ့ တောဖြစ်တဲ့အတွက် ဒါကြီးကို ကျနော်တို့က ထိန်းသိမ်းဖို့လိုအပ်လာပြီ။ ဆိုတော့ ပဲခူးရိုးမကြီးကို အနည်းဆုံး ၁၀ နှစ်ရပ်နားဖို့ စီစဉ်ထားပါတယ်။”

ဒီလိုရပ်နားဖို့ကလည်း သစ်တောရာရှိတွေ၊ သစ်တောပညာရှင်တွေနဲ့ အငြိမ်းစား သစ်တော အရာတွေက အလုပ်ရုံဆွေးနွေးပွဲတွေ၊ စီမီနာတွေ လုပ်ပြီး ဆွေးနွေးခဲ့အပြီးမှ ပဲခူးရိုးမ သစ်တော ထိန်းသိမ်းနိုင်ရေး သစ်ထုတ်လုပ်မှု ၁၀ နှစ်ရပ်နားဖို့ ဆုံဖြတ်ခဲ့ကြာတာလို့လည်း ပြောပါတယ်။

သစ်ထုတ်လုပ်မှုရပ်ဆိုင်းထားပေမယ့် ပြည်တွင်းသစ်လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ပဲခူးရိုးမက လွဲလို့ ကျန်တဲ့ဒေသတွေမှာ လာမယ့်နှစ် ၂၀၁၇-၁၈ သစ်ထုတ်လုပ်မှုရာသီမှာ ပြန်လည်ခွင့်ပြု မှာဖြစ်တယ်လို့လည်း ဦးအေးချိုသောင်းက ပြောပါတယ်။

“သစ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို ကျနော်တို့ အရင်နှစ်တွေက ပြည်တွင်းလိုအပ်ချက် ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် ဘယ်လောက်လိုလဲ၊ တည်ဆောက်ရေးလုပ်ငန်းအတွက် ဘယ်လောက်လို လဲ သစ်အခြေခံစက်ရုံတွေ ဘယ်လောက်လိုလဲဆိုတော့ မနှစ်က ကျနော်တို့ စာရင်းတွေ ကြည့်ခြင်းအားဖြင့် ပြည်တွင်းမှာ သစ်မာ တန် ၃ သိန်းလောက်ရှိရင် လုံလောက်တယ်ပေါ့နော်။ ပြည်တွင်းလည်ပတ်နေတဲ့ စက်ရုံတွေရော၊ သစ်အခြေခံစက်ရုံတွေရော၊ ပြည်ပကို ပို့နေတဲ့ ပရိဘောက စက်ရုံတွေရော ကျနော်တို့ ခန့်မှန်းကြည့်တော့ တန် ၃ သိန်းလောက် ထုတ်နိုင်ရင် ဒါ လုံလောက်တယ်။ ဒီနှစ်တွက် မနှစ်က ထုတ်ထားတဲ့သစ် ကျန်တာရှိပါတယ်။ ဆိုတော့ အဲဒီ ၃ သိန်းလောက်က ပေးလို့ရပါတယ်။ နောင်နှစ်ခါကျရင်တော့ ပဲခူးရိုးမ မဟုတ်တဲ့ ကျန်တဲ့ ကျနော်တို့ စကိုင်းတိုင်းအထက် မော်လိုက်၊ ချင်းတွင်းရိုးတို့၊ ကချင်တို့ကနေပြီး သစ်ထုတ်ဖို့တော့ ၂၀၁၇-၁၈ မှာ ပြန်ထုတ်မှာပါ။”

ဒါ့အပြင် သစ်တောပြန်လည်ထိန်းသိမ်းဖို့က သစ်ထုတ်လုပ်မှု ရပ်ဆိုင်းတာတခုထဲတွေ လုပ်ဆောင်လို့ မရတဲ့အတွက် ကျေးရွာလူထုတွေ အဓိက မှီခိုအားထားနေတဲ့ ထင်းမီးအစား ဂက်စ်နဲ့ လျှပ်စစ် ပေးနိုင်မှသာလျင် တောကို ထိန်းသိမ်းနိုင်မယ်လို့ ပြောပါတယ်။
ဒါကြောင် ကျေးရွာလူတွေ လိုအပ်နေတဲ့ လှောင်စာတွေအတွက်လည်း နိုင်ငံတော်အစိုးရက ပံ့ပိုးကူညီဖို့ လိုအပ်အပ်ကြောင်းလည်း ဦးအေးချိုသောင်းက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013