Home
မြန်မာသတင်း
လားရှိုးမြို့ တည်းခိုခန်းတွင် လာရောက်တည်းခိုသူ ၂ ဦးထံက လက်ပစ်ဗုံး တွေ့ရှိ
ခွန်ဇော်ဦး
·
July 6, 2016
13584720_1723590814564854_6717052669094936675_o
13576888_1723590831231519_4441709812291038220_o
13502797_1723590791231523_1784007025677412065_o
13603252_1723590844564851_5782516621082156090_o
လားရှိုးမြို့ တည်းခိုခန်းတခုမှာ လာရောက်တည်းခိုသူ ၂ ဦးထံကနေ လက်ပစ်ဗုံးတလုံး ဒီနေ့ မနက်က တွေ့ရှိခဲ့ပါတယ်။ လားရှိုးမြို့ ပွင့်သီရိတည်းခိုခန်းကို  မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီနေ့ မနက်ပိုင်းက ၀င်ရောက်ရှာဖွေရာ အခန်းအမှတ် ၁၆ မှာ တည်းခိုနေတဲ့ ကိုရဲနိုင်ထွန်းနဲ့ ဇနီးသည်တို့ရဲ့ ကျောပိုးအိတ်ထဲကနေ လက်ပစ်ဗုံးတလုံး တွေ့ရှိခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ်မှာနေထိုင်တဲ့ အသက် ၄၀ အရွယ် ကိုရဲနိုင်ထွန်းနဲ့ ဇနီးသည် ဒေါ်လှလှဝင်း တို့ တည်းခိုနေထိုင်တဲ့ လားရှိုးမြို့ ပွင့်သီရိတည်းခိုခန်း အခန်းအမှတ် ၁၆ ကို ရဲတပ်ဖွဲ့က သတင်းအရ ၀င်ရောက်ရှာဖွေရှာမှာ ကုတင်အောက် ကျောပိုးအိတ်ထဲမှ 91 အမျိုးအစား သံကိုယ်ထည်လပ်ပစ်ဗုံး ၁ လုံးကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024