DVB Logo
Home
မြန်မာသတင်း
ကျောင်းသားထု ညီလာခံဖြစ်မြောက်ရေး အကြိုအစည်းအဝေး နိုဝင်ဘာတွင် ကျင်းပမည်
DVB
·
July 5, 2016
ကျောင်းသားထု ညီလာခံဖြစ်မြောက်ရေး အကြိုအစည်းအဝေး နိုဝင်ဘာတွင် ကျင်းပမည်
Donate to DVB

လာမယ့် နိုဝင်ဘာလမှာ ကျောင်းသားထု ညီလာခံဖြစ်မြောက်ရေး အကြိုအစည်းအဝေး ကျင်းပသွားမယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ  အဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ဦးဆောင်ပြီး  ဇူလိုင်လ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ကျင်းပတဲ့ နှီးနှောဖလှယ်ပွဲကို တက္ကသိုလ်ပေါင်း ၅၅ ခုက ကျောင်းသား ကျောင်းသူတွေ စုစုပေါင်း ၂၂၃ ယောက် တက်ရောက်ခဲ့ကြပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ ဒေသအတွင်းတက္ကသိုလ်တွေ သမဂ္ဂတွေရဲ့ ပကတိ အခြေအနေ အခက်အခဲတွေကို ဖြေရှင်းမယ့်နည်းလမ်းတွေ ဝိုင်ဝန်းအဖြေရှာခဲ့ကြပါတယ်။ ဒါ့အပြင် ဒီနှစ်ကုန်လောက်မှာ ကျောင်းသားထုညီလာခံ ကျင်းပမယ့်အကြောင်း တက်ရောက်လာတဲ့ ကျောင်းသားတွေက သဘောတူခဲ့ကြပါတယ်။

ဗကသ အဖွဲ့ချုပ်(ဗဟို)လုပ်ငန်းကော်မတီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးရဲရင့်ကျော် က “ပြည်ထောင်စုကို ဦးတည်နေတဲ့နိုင်ငံဖြစ်တဲ့အတွက် ဖက်ဒရယ်ကိုအခြေခံပြီးတော့  တိုင်းရင်းသား ကျောင်းသားတွေအားလုံးပါဝင်တဲ့ တကသ ကျောင်းသားတခု ပေါ်ပေါက်လာ အောင် ဆောင်ရွက်သွားမယ်။ ဒီကျောင်းသားတွေရဲ့ ဆန္ဒဟာ ကျောင်းသား သမဂ္ဂတွေအားလုံး ပါဝင်တဲ့ ညီလာခံကြီးတရပ် ဆောင်ရွက်ဖို့ ဆိုတဲ့ အနေအထားတွေပါတယ်။ သမဂ္ဂတွေပါဘဲ အမှီအခိုကင်း ဆောင်ရွက်လာခဲ့မယ်ဆိုလို့ရှိရင် သူတို့ကန့်ကွယ်ဆိုတဲ့ အကြောင်းတွေလည်း တင်ပြခဲ့ကြပါတယ်”လို့ ပြောပါတယ်။

ဒီတွေ့ဆုံပွဲကို ပဲခူးမြို့နယ် ကျောက်တန်းကျေးရွာ ပန်းပျိုးလက်ပရဟိတ ဘုန်းကြီးကျောင်းမှာ ကျင်းပခဲ့တာပါ။ တွေ့ဆုံပွဲမှာ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု ညီလာခံကျင်းပနိုင်ရေး အတွက် မြန်မာနိုင်ငံမှာ ရှိတဲ့ တက္ကသိုလ် ၅ ကျော်က ကျောင်းသားပေါင်း ၂၃၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

ပြည်တက္ကသိုလ် (အဝေးသင်)တက်ရောက်နေတဲ့ ကိုဝေယံမိုး က “ဒီပွဲလေးဟာ ညီလာခံ ဖြစ်မြောက်ရေးအတွက် အတော်ကိုထိရောက်တဲ့ ပွဲပါ။ ချိတ်ဆက်မှု ကွဲပြားနေတဲ့ သမဂ္ဂတွေအကြားထဲမှာ ရှင်းလင်းနိုင်တဲ့ ပွဲတခုလို့မြင်ပါတယ်”လို့ ပြောပါတယ်။

တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားတွေနဲ့ ကျောင်းသားထုအင်အား ဖော်ဆောင်မှုကို ကြိုးစား ခဲ့တာဟာ ဗကသ ဗဟို လုပ်ငန်းကော်မတီ ဖွဲ့စည်းခဲ့စဉ်ကတည်းက အဓိကရည်ရွယ်ချက်မှာ ပါတဲ့အကြောင်း ဒီညီလာခံဟာ ကျောင်းသားတွေအတွက် ပထမ ခြေလှမ်းတခုအဖြစ် အောင်မြင်လိုက်ပြီလို့ ဆိုပါတယ်။

ဗကသ အဖွဲ့ချုပ်ဗဟိုလုပ်ငန်းကော်မတီ တိုင်းရင်းသားရေးရာတာဝန်ခံ ကိုနန္ဒစစ်အောင်က “ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ အဖွဲ့ချုပ်အဖြစ်ပြောင်းလဲ နိုင်ဖို့ ဗကသ အဖွဲ့ချုပ်ကနေပြီးတော့ တိုင်းရင်းအားလုံးပါဝင်တဲ့ ကျောင်းထုတရပ်လုံးရဲ့ ဒီရက်ပထမ ခြေလမ်းတရပ်ကို စတင် ဆောင်ရွက်ခဲ့ပြီပေါ့  ဒီခြေလမ်းဟာဆိုရင် ဘယ်ကိုသွားမလဲဆိုရင်တော့ ကျောင်းသားသမဂတွေ ကျောင်းထဲပြန်ရောက်ပြီးတော့ ၆၂ အရှေ့ပိုင်းက ကျောင်းသားတွေ အိမ်အပြန်ခရီးကို ကျနော်တို့ စတင်နေပြီဆိုတဲ့ ဖြစ်ရပ်ပါ။”လို့ ပြောပါတယ်။

နှစ်မကုန်ခင်မှာ ခရိုင်ပေါင်းစုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး ခရိုင်နှီးနှောဖလှယ်ပွဲ ကနေပြီး ပိုပြီးပြည့်စုံတဲ့လုပ်ငန်းစဉ်တွေ ချမှတ်သွားမှာဖြစ်သလို ညီလာခံခေါ်ယူရေးအတွက် လက်ရှိတက်နေတဲ့ ကျောင်းသားတွေရဲ့ဆန္ဒနဲ့အညီ ကျောင်းသားထု ညီလာခံကြီးကို ဖော်ဆောင် သွားမှာ ဖြစ်တယ်ပါတယ်။ ဒါ့အပြင်ကျောင်းသားတွေ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်၊ ကျောင်းသား တွေအကြား သွေးကွဲစေနိုင်တဲ့ ခွဲခြားဆက်ဆံတာတွေကို မလုပ်ဖို့ သက်ဆိုင်ရာနဲ့ ကျောင်းသားအာဏာပိုင်တွေကို တိုက်တွန်းကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013