DVB Logo
Home
မြန်မာသတင်း
ကျောင်းဆရာမတဦးကို အလိုမတူဘဲ သားမယားပြုကျင့်သူကို အမှုဖွင့်အရေးယူ
DVB
·
July 5, 2016
ကျောင်းဆရာမတဦးကို အလိုမတူဘဲ သားမယားပြုကျင့်သူကို အမှုဖွင့်အရေးယူ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် မြို့ပေါ်ရွာရှိ အမက ကျောင်းမှ တာဝန်ထမ်းဆောင် နေတဲ့ ဆရာမတဦးကို အလိုမတူပဲ သားမယားအဖြစ်ပြုကျင့်ခဲ့တဲ့ အမျိုးသားကို ဇူလိုင် ၅ ရက်နေ့က တိုင်တန်းချက်အရ ယင်းမာပင်ရဲစခန်းက အမှုဖွင့် အရေးယူလိုက်ပါတယ်။

ဖြစ်စဉ်မှာ ပြုကျင့်ခြင်းခံခဲ့ရတဲ့ ကျောင်းဆရာမဟာ သူတာဝန်ထမ်းဆောင်ရာ စာသင်ကျောင်းမှ ယင်းမာပင်မြို့နယ် ဆယ်ကြီးတောအုပ်စု ထန်းတောကြီးကျေးရွာမှအပြန် ဖိုးဝင်းတောင်လမ်းခွဲ မရောက်ခင် အဖော်အဖြစ်လိုက်ပါလာတဲ့ နုံးကြီးကျေးရွာနေ ကိုအောင်ဌေးညွှန့်နဲ့ ကိုဝင်းကျော်တို့ ၂ ဦးက ဆိုင်ကယ်ရပ်တန့်စေပြီး ကိုအောင်ဌေးညွန့်က အိုင်ရောင်းကျေးရွာရှိ သူရဲ့ အဒေါ်နေအိမ်သို့ ခေါ်ဆောင်သွားပြီးနောက် အလိုမတူပဲ သားမယားအဖြစ် ၃ ကြိမ်ပြုကျင့်ခဲ့ တယ်လို့ ရဲမှတ်တမ်း အရ သိရပါတယ်။

ကျောင်းဆရာမက သူမရဲ့အမေကို အကြောင်းစုံပြန်ပြောရာ အမေဖြစ်သူက ယင်းမာပင်မြို့မ ရဲစခန်းတွင် တရားလိုအဖြစ်တန်းခဲ့တယ်လို့ သိရပါတယ်။

ကျောင်းဆရာမအား အလိုမတူပဲ သားမယားအဖြစ်ပြုကျင့်ခဲ့သူ ကိုအောင်ဌေးညွှန့်နဲ့ ကြံရာပါ ကိုဝင်းကျော်တို့ ၂ ဦးကို ယင်းမာပင်မြို့မရဲစခန်းက အမှုကြီးအမှတ်စဉ်(၄/၂၀၁၆)(ပ)၁၀၀/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၆၆/၁၁၄အရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013