DVB Logo
Home
Lead Story
Gym loss မော်ဒယ်တယောက် ဘာကြောင့်
DVB
·
July 5, 2016
Gym loss မော်ဒယ်တယောက် ဘာကြောင့်
Donate to DVB

Pann Phyu Phway - ဆရာရှင့် ခုလတ်တလော အရမ်းနာမည်ကြီးနေတဲ့ model သေရတယ်ဆိုတဲ့ရောဂါ အဆုတ်ကပ်တယ်ဆိုတာလေး ရှင်းပြပေးပါဦးရှင့်။ gym ဆော့ရင်း ရေသောက်ရင် အန္တရာယ်ရှိပါသလား သိချင်လို့ပါရှင့်။ ဒီလိုရေတန်းသောက်ရင် အဆုတ်ကပ်တာ ဖြစ်တာပါလားရှင်။ ကျေးဇူးတင်ပါတယ်ဆရာ။

Tint Swe - အဆုတ်ကပ်တာ မသိပါ။ နီးစပ်တာ စဉ်းစားမရသေးပါ။ ရောဂါအမည် သေချာသိရင်တော့ ပြောပါ။

Han Moe - ပိန်ဆေးပြဿနာဖြစ်နိုင်ပါတယ်။

Pann Phyu Phway - ဒါက ဆရာဝန်တယောက် ကောက်ချက်ချတာပါရှင့်။ ဒါက မိသားစုဝင်တယောက် ပြောတာပါရှင့်။ တခါမှ မသိခဲ့တဲ့ရောဂါကြီး ဖြစ်တဲ့အပြင် gym ဆော့တိုင်း ရေဝဝသောက်၊ အသက်ပုံမှန်ရှူလို့ပဲ သိထားခဲ့တဲ့အတွက် ခုဆို gym ဆော့လို့ မောရင်တောင် ရေသောက်ရမှာ ကြောက်မိပါတယ်ရှင်။

သိုက်စာ ဘာသာပြန်ရဦးမယ်။ မော်ဒယ်တယောက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်နေရင်း ရုတ်တရက် အသက်ဆုံးပါးတဲ့သတင်းကို မေးတယ်။ မိသားစုထဲက ပြောတာနဲ့ ဆရာဝန်တဦးပြောတာကို ခြုံပြီး အရပ်ပြောက အဆုတ်ကပ်တာတဲ့။ ကျနော်တော့ အဲဒီရောဂါကို မသိပါ။ နီးစပ်တာလည်း စဉ်းစားရ ခက်လှတယ်။ တယောက်က ထောက်ပြတာက ပိန်ဆေး။ ပိန်ဆေးကလည်း အမျိုးမျိုးရှိလို့ မရေရာတာမို့ မထည့်တော့ပါ။ အားကစား ဆေးပညာမှာ ပါတာပဲ ရေးပါ့မယ်။ ကိုယ်အလေးချိန်ချချင်လို့ အစာအာဟာရ အဓမ္မထိန်းသူတွေ ရှိတယ်။ (ကာဗွန်ဟိုက်ဒရိတ်) ကို နည်းစေပြီး (ပရိုတင်း + အဆီဓာတ်) သာစားပြီး ကိုယ်အလေးချိန်ချနည်း ၁၉၆ဝ ကျော်ကတည်းက ခေတ်စားတယ်။ ဂလူးကို့စ်နည်းတဲ့အတွက် ဆက်ဖြစ်တာတွေ ရှိလာတယ်။ ဘာတွေဖြစ်ဆိုတာ ဆရာဝန်မဟုတ်သူတွေ ခေါင်းပဲရှုပ်မှာမို့ မရေးတော့ပါ။ ဆေးသုတေသနတခုမှာ သေဆုံးသွားသူ လူ ၁၇ ယောက်ကို လေ့လာခဲ့တယ်။ Ventricular arrhythmia ခေါ်တဲ့ နှလုံး အောက်ခန်းနဲ့ဆိုင်တဲ့ နှလုံးခုန်မမှန်လို့ သေဆုံးကြရတာကို တွေ့ပါတယ်။ လူတွေက ဝလို့ ပိန်ချင်ကြတယ်။ ၅ လကြာ အလတ်စား အစားအသောက်ထိန်းမှု လုပ်ခဲ့ကြတယ်။ ကာဗွန်ဟိုက်ဒရိတ် ခေါ် ကဇီ (သကြားဓာတ်) မစားဘဲ (ပရိုတင်း) သာ အဓိကစားကြတယ်။ ပိုတက်ဆီယမ်ဆေးတော့ သောက်တယ်။ တနေ့မှာ ကယ်လိုရီ ၃ဝဝ ကနေ ၄ဝဝ သာရတဲ့ အစားအသောက်သာ စားတယ်။ အဲလို နှလုံးမှာ ဖြစ်လာတာမျိုးဟာ အာဟာရချို့တဲ့သူတွေမှာ ဖြစ်တာမျိုးအတိုင်း ဖြစ်တယ်။ ၂ဝဝ၇ ခုနှစ် နိုဝင်ဘာမှာထုတ်တဲ့ အားကစားဆေးပညာဂျာနယ်မှာ မာရသွန် ချန်ပီယံဟောင်း အယ်လ်ဘတ်တို ဆလာဇာ (Alberto Salazar) လေ့ကျင့်နေရင်း သေဆုံးသွားတယ်။ နှလုံးသွေးကြောကျဉ်းရောဂါကနေ နှလုံးအတက်ရတာလို့ သေဆုံးခြင်းအကြောင်း ရှာရတယ်။ အသက် ၂၂ ရှိ စပိန်ဘောလုံးသမား အန်တိုနီယို ပူအေတာ (Antonio Puerta) ကတော့ ဘောလုံးကစားနေရင်း သေဆုံးသွားတယ်။ အသက် ၃၅ နှစ်ရှိတဲ့ ချဒ့် စချင်ဘာ (Chad Schieber) ဟာ ချီကာဂို မာရသွန်ပွဲမှာ သေဆုံးရတယ်။ အပူလွန်ကဲတာနဲ့ ရေ + ဓာတ်ဆားနည်းလို့ မဟုတ်ဘဲ Mitral Valve Prolapse နှလုံးအဆို့ရှင်ရောဂါကြောင့် သေရတာဖြစ်တယ်။ Sudden cardiac death ရုတ်တရက် နှလုံးရပ်သွားခြင်းဟာ အားကစားလုပ်သူ လူ ၂ သိန်းမှာ ၁ ယောက် ဒါမှမဟုတ် ၁ သန်းမှာ ၁ ယောက်သာ ရှိတယ်။ အသက်ကြီး အားကစားသမားတွေဆိုရင် Coronary Artery Disease နှလုံးသွား သွေးကြောရောဂါကို စဉ်းစားရမယ်။ အပြေးသမား ၁ သောင်း ၆ ထောင်မှာ ၁ ယောက် တွေ့ရတယ်။ အသက်မကြီးတဲ့ အားကစားသမားတွေဆိုရင် စဉ်းစားစရာတွေ ပိုများတယ်။ Hypertrophic Cardiomyopathy နဲ့ Coronary Artery abnormalities ဆိုတဲ့ နှလုံးရောဂါတွေလည်း ပါမယ်။ အားကစားသမားတွေမှာ ရောဂါအခံရှိနေတာ ၁ သောင်းမှာ ၁ ယောက်နှုန်းကနေ ၂ သိန်းမှာ ၁ ယောက်နှုန်း ရှိတယ်။ ၂၈-၁၂-၂ဝ၁၂ နေ့ထုတ် ကနေဒါဆေးပညာဂျာနယ်မှာ လေ့ကျင့်ခန်းလုပ်ရင်း သေဆုံးတာအတွက် နှလုံးရောဂါကို အပြစ်မဖို့ပါနဲ့လို့ ဆိုပါတယ်။ ကနေဒါမှာ တနှစ်မှာ လူပေါင်း ၄ သောင်းဟာ cardiac arrest နဲ့ သေဆုံးကြရတယ်။ ၄ ယောက်မှာ ၃ ယောက်က အသက် ၁၈ နှစ်ကနေ ၄ဝ အတွင်းက ဖြစ်ကြတယ်။ ၇၂ ရာခိုင်နှုန်းဟာ အိမ်မှာသာ သေဆုံးတယ်။ ၉ ရာခိုင်နှုန်းသာ လေ့ကျင့်ခန်း လုပ်နေရင်း သေဆုံးတယ်။ ၁၉၉၈ ခုနှစ်က အမေရိကန် မိသားစုဆရာဝန်များ အသင်းကနေ ပြောတာရှိတယ်။ အားကစားသမားတွေ အားကစားနေရင်း သေဆုံးရတာဟာ မွေးရာပါ နှလုံးသွေးကြောရောဂါက အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ ရုပ်ပိုင်းထိခိုက်ဒဏ်ရာမပါတဲ့ စာရင်းအရပြောတာ ဖြစ်ပါတယ်။

၁၉၉၅ သြဂုတ် ၁ဝ ရက်နေ့ထုတ် နယူးအင်္ဂလန် ဆေးပညာဂျာနယ်မှာ အားကစားလုပ်နေရင်း သေဆုံးရတာဟာ ဘယ်လိုကဘယ်လို ရောဂါဗေဒဆိုင်ရာ အပြောင်းအလဲတွေ ရုတ်တရက်ဖြစ်သလဲဆိုတာ နည်းနည်ပဲသိပါတယ်တဲ့။ မွေးရာပါ နှလုံးသွေးကြောရောဂါတွေထဲမှာ နှလုံးကြွက်သားကြီးနေခြင်းက ၅ဝ ရာခိုင်နှုန်း ရှိတယ်။ နှလုံးညာဘက်အောက်ခန်း နှလုံးခုန်မမှန်ခြင်းက ၂ဝ ရာခိုင်နှုန်း ရှိတယ်။ အသက် ၃၅ နှစ်အောက်တွေ များတယ်။ အကြောင်းမသိ ဘယ်ဘက်နှလုံး အောက်ခန်းကြီးခြင်း၊ နှလုံးသွေးကြော မူမမှန်ခြင်း၊ ငယ်ငယ်နဲ့ နှလုံးသွေးကြောကျဉ်းခြင်း စတာတွေလည်းရှိတယ်။ အားကစားလုပ်နေရင်း ရုတ်တရက်သေဆုံးတာမှာ အဆုတ်နဲ့ဆိုင်တာ ခုထိတော့ မတွေ့သေးပါ။ မော်ဒယ်သေဆုံးရတဲ့ အကြောင်းရင်းမှန်ကို မသိပါ။ ဆောရီး။ အားကစားလိုက်စားသူများ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ

၅-၇-၂ဝ၁၆

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013