DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးဝါးဖမ်းမိရာက ဆိုင်ကယ်ခိုးသူ ၄ ဦးထံမှ ဆိုင်ကယ် ၇ စီး သိမ်းဆည်းရမိ
DVB
·
July 5, 2016
မူးယစ်ဆေးဝါးဖမ်းမိရာက ဆိုင်ကယ်ခိုးသူ ၄ ဦးထံမှ ဆိုင်ကယ် ၇ စီး သိမ်းဆည်းရမိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် အောင်ကုန်းရွာမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရာမှ ဇူလိုင် ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ဆိုင်ကယ်ခိုးသူ လူငယ် ၄ ဦးနဲ့ ဆိုင်ကယ် ၇ စီး သိမ်းဆည်းရမိတယ်လို့ အင်းတော်မြို့မရဲစခန်းက ပြောပါတယ်။

အင်းတော်မြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက “ကျနော်တို့ ဇူလိုင်လ ၅ ရက်နေ့အထိ ဆိုင်ကယ်ခိုးယူသူ လူငယ် ၄ ဦးနှင့် ဆိုင်ကယ် ၇ စီး သိမ်းဆည်းရမိထားပါပြီ။ နောက်ထပ် သိမ်းဆည်းဖို့ ဆိုင်ကယ်တွေ ကျန်ရှိနေပါသေးတယ်။ ဆိုင်ကယ်အရေအတွက် အတိအကျ ပြောဖို့ခက်ပါတယ်။ ခန့်မှန်းဆိုင်ကယ်အစီး ၂၀ လောက်တော့ရှိမယ်ထင်ပါတယ်။ တရားခံတွေ ဖမ်းဆီးရမိဖို့ သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။ အကုန်လုံး သိမ်းဆည်းနိုင်အောင်ဆောင်ရွက်နေတယ်”လို့ ပြောကြားခဲ့ပါတယ်။

မူးယစ်ဆေးဝါးသတင်းအရ ဇူလိုင် ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က မော်တိတ်ရဲကင်းမှူးနဲ့ အင်းတော်မြို့မရဲစခန်းက ဒုရဲအုပ်သူရအောင် ဦးဆောင်တဲ့အဖွဲ့ဟာ အင်းတော်မြို့နယ် အောင်းကုန်းရွာထိပ်လမ်းဆုံမှာ အောင်းကုန်းရွာထဲမှ အင်းတော်ဘက်သို့ မင်းပြည့်စုံထွန်း မောင်းနှင်လာတဲ့ ANBO 125 အနက်ရောင်ဆိုင်ကယ်ရဲ့ နောက်မှာ ဇင်ထက်ရှိုင်းလိုက်ပါလာတဲ့ ဆိုင်ကယ်ကို တားဆီးစစ်ဆေးခဲ့ပါတယ်။

ဇင်ထက်ရှိုင်းလွယ်ထားတဲ့ အမဲရောင်ချည်သား အိတ်အတွင်းမှ ဘိန်းဖြူအမှုန့်များ ပင်နယ်စလင် ပုလင်း (၁) လုံး၊ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ အသုံးပြုပြီး ငွေရောင်စက္ကူ အပိုင်းအစ (၁)ခု၊ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ အသုံးပြုပြီး 3MI ဆေးထိုးပိုက် (၁) ချောင်း၊ 3.3 မီလီမီတာ ဆေးထိုးပိုက် ၂ ချောင်း၊ ဆိုင်ကယ်သော့ ၅ ချောင်း၊ လက်ကိုင် အဝါရိုးတပ်ထားတဲ့ နှစ်ဘက်ချွန်ကျောက်လှည့် ၁ ချောင်းတို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ၄င်းတို့ ၂ ဦးမှ အကျိုးအကြောင်းခိုင်လုံစွာ မပြောပြနိုင်တဲ့အတွက် ခိုးမှုများကျူးလွန်ဖို့ အလားအလာ ရှိတယ်လို့ ယုံကြည်ရတဲ့အတွက် စစ်ဆေးမေးမြန်းခဲ့ပါတယ်။

မင်းပြည့်စုံထွန်းနဲ့ ဇင်ထက်ရှိုင်းတို့ရဲ့ ထွက်ဆိုချက် အရ ၄င်းတို့ ၂ ဦးဟာ သော်ဇင်ဝင်း အောင်မေတ္တာရပ်ကွက်နေသူနဲ့အတူ ၂၀၁၅ ခုနှစ် ၃ လပိုင်းက မော်လူးမြို့ ဒီပင်္ကရာ ဘုရားပွဲ ဈေးတန်း အနောက်ဘက်ချောင်းထဲမှာ ရပ်ထားတဲ့ ကင်ဘို 125 အစိမ်းရောင် ဆိုင်ကယ်ကို ခိုးယူပြီး ကသာမြို့ ရပ်ကွက် ၁၀ သဖန်းကိုင်းနေ သက်နိုင်ထွန်းထံ ကျပ်နှစ်သိန်းခွဲနဲ့ ရောင်းချထား ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တဲ့အတွက် မင်းပြည့်စုံထွန်း၊ ဇင်ထက်ရှိုင်း၊ သော်ဇင်ဝင်းနဲ့ သက်နိုင်ထွန်းတို့ ၄ ဦးကို အင်းတော်မြို့မရဲစခန်းက အမှုဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013