DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားဒေသမြေယာများ ရိုးရာဓလေ့အတိုင်းသာ စီမံခန့်ခွဲလို
DVB
·
July 5, 2016
တိုင်းရင်းသားဒေသမြေယာများ  ရိုးရာဓလေ့အတိုင်းသာ စီမံခန့်ခွဲလို
Donate to DVB

အစိုးရရဲ့ တသီးပုဂ္ဂလ မြေယာလူပ်ပိုင်ခွင့်လက်မှတ်ထုတ်ပေးခြင်းဟာ အဲဒီမြေမှာလုပ်ကိုင်စားေ သာက်နေတဲ့ ရွာသားများရဲ့ အများပိုင်မြေယာဆုံးရှုံးစေပြီး ရွာသားတွေရဲ့ စည်းလုံးညီညွတ်ရေး ကိုပါ ပျက်ပြားစေတဲ့အတွက်  အရင်ဘိုးစဉ်ဘောင်ဆက်ကျင့်သုံးခဲ့တဲ့ ရိုးရာဓလေ့ မြေယာ ပိုင်ဆိုင်ခွင့်အတိုင်းသာ စီမံခန့်ခွဲလိုတယ်လို့  တိုင်းရင်းသားလူမျိုးများ လူထုဖွံ့ဖြိုးရေးဆုံရပ် ECDF (Ethnic Community Development Forum) က ပြောပါတယ်။

သူတို့အဖွဲ့အစည်းဟာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း စတဲ့ ပြည်နယ် ၆ ခု က ရွာပေါင်း ၇ ရွာ၊ မြို့နယ်ပေါင်း ၂၆ မြို့နယ်ရှိ မိသားစုဝင်ပေါင်း ၁၂၀၀ နဲ့ တွေ့ဆုံေ ဆွးနွေးေ မးမြန်းခဲ့ရာမှာ ဒေသခံတွေက သူတို့ ရိုးရာဓလေ့စနစ်အတိုင်းသာ မြေယာပိုင်ဆိုင်လိုကြောင်းပြောကြတယ်လို့  ECDF အဖွဲ့ပြောခွင့်ရ မိခမွန်းက ဒီဗွီဘီ ကို ပြောပါတယ်။

“ကျမတို့ သွားရောက်တွေ့ရှိချက်အရ ဒေသခံတွေဟာ သူတို့တွေကျင့်သုံးနေတဲ့ ပုံစံကအများ ပိုင်မြေဖြစ်တယ်။ ဥပမာရွာမှာရှိတဲ့မြေက တဦးတယောက်အမည်ပေါက် မဟုတ်ဘူး။ ရရှိလာတဲ့ အကျိုးအမြတ်ကို မျှဝေခံစားကြတယ်။  အစိုးရက ပုံစံ ၇ လုပ်ခိုင်းတဲ့အခါကျတော့  ဒေသခံတွေ ရဲ့စည်းလုံးခြင်းကို ဖြိုခွဲလိုက်တယ်။ ဒေသခံတွေရဲ့မြေဆိုတာ သူတို့ရဲ့ အသက်တခုဖြစ်တယ်။ သူတို့ မျိုးဆက်သစ်အတွက် လက်ဆင့်ကမ်းမယ့်အရာတခုလည်း ဖြစ်တယ်။ မြေဆိုတာ သူတို့ အတွက် ရောင်းကုန်မဟုတ်ဘူး။ ပုံစံ ၇ က သူတို့စည်းလုံးမှု ပျက်ပြားစေသလို ဒေသခံတွေရဲ့ စည်းမျဉ်းစည်းကမ်း ထည့်ထားတာ မရှိဘူး။ ဒေသခံတွေရဲ့ အများပိုင်ဆိုင်မှုပုံစံကို အသိအမှတ်ပြုပေးရမယ်။”

တိုင်းရင်းသားဒေသမှာဆိုရင် သူတို့ကိုယ်ပိုင် သူ့နည်းသူ့ဟန်မြေယာစီမံခန့်ခွဲမှုရှိပြီး သားဖြစ်ပေ မယ့် အစိုးရက ၂၀၁၃ ခုနှစ်မှာ ရွာသားတွေကို ပုံစံ ၇ အတင်းလုပ်ခိုင်းခဲ့ကြောင်း၊ ဒါဟာ ဒေသခံတွေရဲ့ ဓလေ့ထုံးတမ်းတွေကို အလေးမထားတာ စွက်ဖက်တာဖြစ်ပြီး အဆိုးဆုံးက သူတို့ ပတ်ဝန်းကျင်ရှိမြေယာတွေ သိမ်းဆည်းခံရတာလို့ သူက ဆက်ပြောပါတယ်။

ကယားပြည်နယ်မှ နော်ဖောမိုးကလည်း သူတို့ဆီမှာ  မြေယာအသိမ်းခံရတဲ့ ပြဿနာတွေ အများ   ကြီးဖြစ်နေတယ် လို့ ပြောပါတယ်။

“ကျမတို့ဆီမှာ တပ်ကမြေသိမ်းတာ အများဆုံးဖြစ်နေတယ်၊ လွိုင်ကော်မြို့နယ်ထဲမှာလည်း ရှိတယ်။ ဖရူဆို၊ ဘောလခဲဘက်မှာလည်းရှိတယ်၊ နေရာတိုင်းလိုဘဲ ဒါပေမယ့် ဖရူဆိုမြို့နယ်ထဲ မှာတော့ အကြီးဆုံးဖြစ်နေတယ်။ လွိုင်ကော်မှာ ဘိလပ်မြေစက်ရုံဆောက်ဖို့ဆိုပြီးတော့လည်း မြေတွေ အသိမ်းခံရတယ်။ အဲလိုဆိုတော့ ကျမတို့ရွာသားတွေ လုပ်ကိုင်စားသောက်တဲ့ နေရာတွေလည်း ဆုံးရှုံးသွားတယ်။ လူနေမှုဘ၀ကို ဖိသလိုဖြစ်တာပေါ့နော်၊ ကျမတို့လုပ်နေတဲ့ တောင်ယာ လုပ်ငန်းတွေလည်း လွတ်လွတ် လပ်လပ်လုပ်လို့မရသလို ဖြစ်သွားတယ်။”

ရိုးရာဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင်မှုစနစ်ကို ကာကွယ်နိုင်ဖို့အတွက် ဖက်ဒရယ်အစိုးရပေါ် ထွန်း လာမှုက အများကြီးမူတည်နေတယ်လို့   မိခမွန်းက ဖြည့်စွက်ပြောပြ ပါတယ်။

“အခုလက်ရှိဖွဲ့စည်းပုံအခြေခံမူနဲ့ဆိုရင်ပေါ့နော် ဗဟိုကချုပ်ကိုင်ထားခြင်းဖြစ်တယ်။ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုမရှိဘူး။ ဖက်ဒရယ်စနစ်မှာဆိုလို့ရှိရင် ပြည်နယ်အစိုးရ ရယ်၊ ဗဟိုအစိုးရရယ်က အာဏာခွဲဝေမှုတွေရှိတယ်။ သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုလည်းရှိတယ်။ နောက်ပြီးတော့ ဓလေ့ထုံးတမ်းမြေယာတွေဆိုတာက ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုဖြစ်ရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၇ က ပိုင်ဆိုင်မှုဆိုတာ နိုင်ငံတော်က မြေပေါ်မြေအောက်ပိုင်ဆိုင်ထားခြင်းဖြစ်တယ်ပေါ့နော်၊ ဒါကြောင့်မို့လို့ အခုလက်ရှိ ရှိနေတဲ့ ဖွဲ့စည်းပုံက ဒီဓလေ့ထုံးတမ်းမြေယာနဲ့ဆို လုံးဝ မဖြစ်နိုင်ဘူး ပေါ့။”

သူတို့အဖွဲ့အစည်းဟာ တိုင်းရင်းသားဒေသတွင်း ၂ နှစ်တာ သွားရောက်လေ့လာခဲ့တဲ့ မြေယ စီမံခန့်ခွဲမှု တွေ့ရှိချက်တွေကို စုဆောင်းပြီး (ကျွန်ပ်တို့၏ဓလေ့ထုံးတမ်း) ဆိုတဲ့ခေါင်းစဉ်နဲ့  အစီရင်ခံစာတစ်စောင် မြန်မာလိုရော အင်္ဂလိပ်လိုပါ  ရေးသားထုတ်ဝေလိုက်ပါတယ်။

အစီရင်ခံစာနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုလည်း  ရန်ကုန်မြို့  အော်ကစ်ဟို တယ်မှာ ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

တိုင်းရင်းသားလူမျိုးများ လူထုဖွံ့ဖြိုးရေးဆုံရပ် ECDF (Ethnic Community Development Forum) မှာ လူထုဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်း ၇ ဖွဲ့ ပူးပေါင်းပါဝင်ပြီး လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013