DVB Logo
Home
မြန်မာသတင်း
ခန္တီး၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်းမြို့နှင့် ကနီတို့တွင် မြစ်ရေကြီးနေ
DVB
·
July 5, 2016
ခန္တီး၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်းမြို့နှင့် ကနီတို့တွင် မြစ်ရေကြီးနေ
Donate to DVB

ချင်းတွင်းမြစ်တလျောက်ရှိ ခန္တီး၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်းမြို့နဲ့ ကနီမြို့တို့မှာ မြစ်ရေ ကြီးနေပြီး ဒီနေ့နဲ့ မနက်ဖြန်တို့မှာ အဲ့ဒီမြို့တို့ရဲ့ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနိုင်တယ် လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မနေ့ မွန်းလွဲပိုင်း တိုင်းတာချက်အရ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့ မှာ ၅ ပေခန့်၊ မော်လိုက်မြို့မှာ ၇ ပေခန့်၊ ကလေးဝမြို့မှာ ၉ ပေခွဲခန့်၊ မင်းကင်းမြို့မှာ ၈ ပေခန့်နှင့် ကနီမြို့မှာ ၇ ပေခန့် အသီးသီး မြင့်တက်နေတာ ဖြစ်ပါတယ်။

အဲ့ဒီမြစ်ရေများဟာ  ခန္တီးမြို့မှာ ဒီနေ့နဲ့ ကျန်မြို့တို့မှာ မနက်ဖြန်ကစလို့ အဲ့ဒီမြို့တို့ရဲ့ စိုးရိမ်ရေမှတ် အသီးသီးကို ကျော်လွန်မှာဖြစ်တဲ့အတွက် ချင်းတွင်းမြစ်တစ်လျောက်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြဖို့ မိုးလေ၀သဌာနက သတိပေး နှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013