DVB Logo
Home
မြန်မာသတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ ဖျက်သိမ်း
DVB
·
July 4, 2016
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ ဖျက်သိမ်း
Donate to DVB

၁၉၉၅ ခုနှစ်က စတင်ပြီးဖွဲ့စည်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲကို ၂၀၁၆ ခု ဇူလိုင်လ ၃ ရက်နေ့က တရားဝင်ဖျက်သိမ်းလိုက်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ အဖွဲ့ချုပ် ခေါင်းဆောင်တချို့ကို စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းလာတာကြောင့် ၁၉၉၁ ခုမှာ ထိုင်း-မြန်မာ နယ်စပ်ကို ထွက်ခွာလာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဗဟိုစည်းရုံးရေးကော်မတီ ကို ဒေါက်တာစိန်ဝင်း၊ ဦးဝင်းခက်၊ ဦးမြင့်အောင်၊ ဦးမောင်မောင်အေးနဲ့ ဦးသိန်းဦးတို့ ဦးဆောင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဗဟိုစည်းရုံးရေးကော်မတီကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဂျပန်ဌာနခွဲကို အဖွဲ့ချုပ်ဗဟိုဦးစီးအဖွဲ့ဝင် ဦးဝင်းခက်က တိုကျိုမြို့ကို အခြေခံကာ အဖွဲ့ဝင် ၅၃ ဦးနဲ့ စတင်စည်းရုံးဖွဲ့စည်းခဲ့ပြီး အများဆုံးအဖွဲ့ဝင် ၁၀၀၀ ခန့်အထိ ရှိခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရပေါ်ပေါက်လာပြီမို့ အခုလိုဖျက်သိမ်းတာဖြစ်ပေမယ့် မြန်မာ စစ်အစိုးရအပေါ် ဂျပန်အစိုးရက ဖိအားပေးရေးအပါအ၀င် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် မိမိတို့ အဖွဲ့ဝင်အားလုံးကြိုးစားခဲ့ကြပါတယ်လို့ ဂျပန်ဌာနခွဲ စတင်ဖွဲ့စည်းချိန်က ပါဝင်ခဲ့သူ အတွင်းရေးမှူးဟောင်း ဦးသန့်တင်ဆင့် က ဒီဗွီဘီကို ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ - ဇော်ဇော်လှိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013