DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းဒေသကြီးတွင် ၆ လအတွင်း မုဒိမ်းမှု အများဆုံးဖြစ်
DVB
·
July 4, 2016
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၆ ခု ဇန်န၀ါရီလကနေ ဇွန်လအထိ ၆ လအတွင်း မုဒိမ်းမှု အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

13557966_258855181158111_3272766854912831174_nရန်ကုန်တိုင်းဒေသကြီးမှာ ၆ လတာကာလအတွင်း မုဒိမ်းမှု ၉၆ မှု၊ လူသတ်မှု ၉၃ မှု၊ ဓားပြမှု ၁ မှု၊ ဖောက်ထွင်းမှု ၂ မှု၊ လက်နက်မှု ၁ တို့ဖြစ်ပြီး အမှုကြီးပေါင်း ၂၂၄ မှု ဖြစ်ပွားခဲ့တာပါ။ ဒါ့အပြင် ၆ လအတွင်း ခိုးမှု၊ နာကျင်စေမှုနဲ့ အခြားအမှုပေါင်း ၇၂၅၃ မှုလည်း ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ပြည့်တန်ဆာ၊ မူးယစ်ဆေးဝါး၊ လောင်းကစား၊ လက်နက်ပုန်း၊ ယစ်မျိုး၊ ခြေချုပ်မှုတို့ အပါအ၀င် အခြား ကြိုတင်ကာကွယ်မှုပေါင်း ၁၈၅၉ မှုတို့ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဇူလိုင် ၄ ရက်နေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှာ သက်ဆိုင်ရာ မြို့နယ်အလိုက်က မြို့နယ်မှူးတွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံပြီး အစည်းအဝေးပြု လုပ်နေပါတယ်။

သတင်း - ခိုင်ပန်းနု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013