DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်း ပတ္တနီမြို့လယ် ဗုံးပေါက်ကွဲ၊ ယာဉ်ထိန်းရဲ ၁ ဦးသေ ၃ ဦး ဒဏ်ရာရ (ရုပ်သံ)
DVB
·
July 4, 2016
ထိုင်းတောင်ပိုင်း ပတ္တနီမြို့လယ် ဗုံးပေါက်ကွဲ၊ ယာဉ်ထိန်းရဲ ၁ ဦးသေ ၃ ဦး ဒဏ်ရာရ (ရုပ်သံ)
Donate to DVB


ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တနီခရိုင် ပတ္တနီမြို့လယ်ခေါင်မှာ ဇူလိုင်လ ၃ ရက် ည ၇ နာရီလောက်က ပေါက်ကွဲမှုဖြစ်ပွားပြီး ယာဉ်ထိန်းရဲ ၁ ဦးသေဆုံးကာ ယာဉ်ထိန်းရဲ ၂ ဦးနဲ့ ပြည်သူ ၁ ဦး ဒဏ်ရာရ သွားတယ်လို့ သနေရှင်းသတင်းမှာ ဖော်ပြပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားရာနေရာဟာ အလ္လာဟစ်လောဟပတ္တနီ ခရီးသွားယာဉ်လက်မှတ် အရောင်း ဆိုင်ရှေ့နဲ့ ဗလီဘေးနားမှာဖြစ်ပြီး သတင်းရရချင်း တာဝန်ကျရဲဝန်ထမ်း၊ ဗုံးရှင်းလင်းရေးအဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ အချင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးကြည့်ရှုရာမှာ ပျက်စီးမှုအပိုင်းအစတွေကြား သေနတ်တခြား၊ လူတခြား ဒဏ်ရာများနဲ့ လဲကျနေတဲ့ ယာဉ်ထိန်းရဲ ၃ ဦး ပြည်သူတစ်ဦးတို့ကို တွေ့ရှိကြောင်း၊ ယာဉ်ထိန်းရဲ ၃ ဦးအနက် တစ်ဦးမှာ ပေါက်ကွဲမှု ဖြစ်ပွားတဲ့နေရာနဲ့ ဆယ်မီတာအကွာမှာ ခန္ဓာကိုယ် ၂ ပိုင်းပြတ်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ပတ္တနီခရိုင်ရဲမှူးကြီး ထနုန်းဆဒ် ၀ုန်းဆုဖားက သတင်းထောက်တွေကို ပြောပါ တယ်။

ကျန်တဲ့ ရဲ ၂ ဦးနဲ့ ပြည်သူတဦးတို့မှာလည်း ဒဏ်ရာပြင်းထန်တဲ့အတွက် ပတ္တနီဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း၊ အနီးနားရှိပြည်သူတချို့မှာတော့ ဒဏ်ရာအနည်းငယ်သာရရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီအနီးတ၀ိုက်မှာရှိတဲ့ အထည်ဆိုင်၊ ဆေးဆိုင် အပါအ၀င် ဆိုင်ခန်းပေါင်း ၇ ခန်းက ပြူတင်းနဲ့ တံခါးမှန်တွေပျက်စီးကုန်သလို မော်တော်ဆိုင်ကယ် ၄ စီး နဲ့ ကားတစ်စီးပါ ပျက်စီးခဲ့ကြောင်း တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။

စစ်ဆေးချက်အရ အဆိုပါဗုံးမှာ ရေဒီယိုစက်ခလုတ်အဝေးထိန်းချိန်ကိုက်ဗုံး အမျိုးအစား ဖြစ်ကြောင်း၊ ထိုင်းတောင်ပိုင်းအကြမ်းဖက်သူတွေက ဗုံးကိုသေတ္တာတလုံးတွင်းထည့်ပြီး ကျောက်စားပွဲအောက်မှာ လာထားကာ ရဲဝန်ထမ်းတွေ လာထိုင်တာနဲ့ ဗုံးပေါက်ကွဲမှုဖြစ်ပွား ခဲ့တာလို့ ဆိုပါတယ်။

ဒီမတိုင်ခင် လွန်ခဲ့တဲ့ရက်ပိုင်းက နရာသီဝပ်ခရိုင်မှာ အကြမ်းဖက်သမားနဲ့ အစိုးရတပ်ကြား ပစ်ခတ်မှုဖြစ်ပွားပြီး အကြမ်းဖက်သမားဘက်က ၂ ဦးသေဆုံးခဲ့ကြောင်း၊ အဲဒါကို မကျေနပ်လို့ တန်ပြန်လက်စားချေတာလို့ ယူဆရပြီး တာဝန်ရှိရဲဝန်ထမ်းတွေအနေနဲ့ လုံခြုံရေးအထူး သတိထားနေတဲ့ကြားက ခုလို ပေါက်ကွဲမှုဖြစ်ပွားခဲ့ရတာလို့ ရဲမှူးကြီးမှ ပြောသွားပါတယ်။
-----------

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013