DVB Logo
Home
မြန်မာသတင်း
ဘာသာရေးနှင့်ဆက်နွယ်သည့် အကြမ်းဖက်မှုများကို အရေးယူပေးရန် သမ္မတထံ စာပေးပို့
DVB
·
July 4, 2016
ဘာသာရေးနှင့်ဆက်နွယ်သည့် အကြမ်းဖက်မှုများကို အရေးယူပေးရန် သမ္မတထံ စာပေးပို့
Donate to DVB

ဘာသာရေးနဲ့ ဆက်နွယ်တဲ့ ဆူပူအကြမ်းဖက်တာတွေကို အချိန်မီ အရေးယူတားဆီးပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးက ဇူလိုင် ၂ ရက်နေ့စွဲနဲ့ နိုင်ငံတော်သမ္မတကို စာရေးသားပေးပို့ တောင်းဆိုလိုက်ပါတယ်။

အစ္စလာမ်ဘာသာအပေါ် စွပ်စွဲပုတ်ခတ်ရှုတ်ချပြီး ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံတဲ့ ဥပဒေချိုးဖောက်တာတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်ကို မေတ္တာရပ်ခံ ပန်ကြားခဲ့ပေမယ့် ဟန့်တားအရေးယူ ဆောင်ရွက်ထားတာ မတွေ့ရဘူးလို့ စာမှာ ဖော်ပြထားပါတယ်။

ပဲခူးတိုင်း ဝေါမြို့နယ်မှာ ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးယူထားတာ မရှိသေးသလို ဗလီဝတ်ကျောင်းကိုလည်း ပိတ်ထားဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြီးတော့ ကချင်ပြည်နယ် လုံးခင်းကျေးရွာအုပ်စုမှာ ဖြစ်ပျက်ခဲ့တာကိုလည်း ဖော်ပြထားပြီး ဒါတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာတွေကို အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့ပေမယ့် အရေးယူ ဆောင်ရွက်ပေးတာ မရှိဘူးလို့လည်း ဖော်ပြပါတယ်။

ဒါကြောင့် ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံ သွေးထိုးတာတွေ၊ ဆူပူအကြမ်းဖက်တာတွေကို အစိုးရအနေနဲ့ လျစ်လျူမရှုဘဲ တရားဥပဒေအရ အရေးယူပေးဖို့နဲ့ နောင်မှာ ဒီလိုမဖြစ်ဖို့အတွက်လည်း ကြိုတင်ကာကွယ် စီမံတာတွေ လုပ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013