DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် အမျိုးသမီးတဦး ကားပေါ်မှပြုတ်ကျပြီး ဘီးဖြင့်ကြိတ်မိ သေဆုံး (ရုပ်သံ)
DVB
·
July 3, 2016
အင်းတော်တွင် အမျိုးသမီးတဦး ကားပေါ်မှပြုတ်ကျပြီး ဘီးဖြင့်ကြိတ်မိ သေဆုံး (ရုပ်သံ)
Donate to DVB

အင်းတော်မြို့နယ် အင်းတော်-ဗန်းမောက် ကားလမ်း  မိုင်တိုင်အမှတ်၂၀/၂ နှင့် ၃ ကြားမှာ ဒီနေ့မနက်ပိုင်းက အမျိုးသမီးတဦး ကားပေါ်က ပြုတ်ကျ သေဆုံးမှု ဖြစ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် သက္ကကယ်ကျင်းရွာမှာ လမ်းခင်းဖို့သွားစဉ် အင်းတော်-ဗန်းမောက်ကားလမ်း တောင်ပြိုပြတ်ရွှေ့တဲ့နေရာမှာ ပြုတ်ကျ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ကားပေါ်မှာ အလုပ်သမား ၁၄ ဦး လိုက်ပါလာတာဖြစ်ပြီး မိုင်တိုင်အမှတ်၂၀/၂ နှင့်၃ ကြား တောင်ပြိုပြတ်ရွှေတဲ့နေရာအရောက် လမ်းရဲ့ဗွက်ထဲ ကားညာနောက်ဘီး ကျွံကျချော်ထွက်သွားလို့ ကားအနောက်တံခါးဘောင်ပေါ် ထိုင်ပြီးလိုက်ပါတဲ့ မဝင်းနွယ်ဟာ အောက်ကို ပြုတ်ကျသွားတာလို့ အင်းတော်ရဲစခန်းက ပြောပါတယ်။ မ၀င်းနွယ် ကားပေါ်က ပြုတ်ကျသွားတာကို မသိဘဲ ကားသမားက အနောက်ကို ပြန်ဆုတ်တဲ့အချိန်မှာ ကားဘီးနဲ့ ကြိတ်မိလို့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

အခုလို ယာဉ်မတော်ဆမှုကြောင့် လူသေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ယာဉ်မောင်း ကိုသန့်ဇင်ဦးကို အင်းတော်မြို့မရဲစခန်းက ပုဒ်မ ၃၀၄-ကအရ အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ အဲဒီ တောင်ပြိုပြတ်ရွှေ့နေရာဟာ ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကားလမ်းမ ပျက်စီးသွားခဲ့တာဖြစ်ပေမယ့် အခုထိ သက်ဆိုင်ရာက လာရောက်ပြုပြင်ပေးတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရိုက်ကူး - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013