DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်က မွတ်စလင်အသိုက်အ၀န်းဟု သုံးနှုန်းမည့်အပေါ် ကန့်ကွက်ဆန္ဒပြ
DVB
·
July 3, 2016
ရခိုင်ပြည်နယ်က မွတ်စလင်အသိုက်အ၀န်းဟု သုံးနှုန်းမည့်အပေါ် ကန့်ကွက်ဆန္ဒပြ
1 / 4
Donate to DVB

ရခိုင်ပြည်နယ်က မွတ်စလင်အသိုက်အ၀န်းလို့ သုံးနှုန်းပြောဆိုမယ့်အပေါ် ရခိုင်ပြည်နယ် မြို့ ၁၅ မြို့မှာ ပြည်သူတွေက ဒီနေ့ ကန့်ကွက်ဆန္ဒထုတ်ဖော်ကြပါတယ်။

ဇွန် ၁၇- ရက်နေ့က ဆွစ်ဇလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၃၂ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံမှာ မြန်မာအစိုးရကိုယ်စားလှယ်ကနေ ရခိုင်ပြည်နယ်ရှိ ဘဂါင်္လီအရေးနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်က မွတ်စလင်အသိုက်အ၀န်းလို့ သုံးနှုန်းပြောဆိုဖို့ တင်သွင်းခဲ့တဲ့အပေါ် အခုလို ကန့်ကွက်ဆန္ဒပြကြတာပါ။

မင်းပြားမြို့ ဆန္ဒပြပွဲ ဦးဆောင်သူ ဦးသိန်းဇံက’’ ရခိုင်ပြည်နယ်ရခိုင်သားဟာ ရခိုင်လူမျိုးသာဖြစ်ရမယ်။ ကျနော်တို့ ရခိုင်ပြည်နယ်မှာရခိုင်ပါတီရှိတယ်၊ ရခိုင်လူထုရှိတယ်၊ ရခိုင်ပြည်နယ်အစိုးရရှိတယ်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ရှိတယ်၊ အဲ့ဒါတွေကိုကျော်လွားပြီးတော့ မတိုင်ကြား၊ မဆွေးနွေးဘဲ၊ တစ်စုံတစ်ခုမှ အသိမေပးဘဲနဲ့ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံမှာ ရခိုင်ပြည်မှ မွတ်စလင်အသိုက်အ၀န်းလို့ သုံးနှုန်းပြောဆိုဖို့ တင်သွင်းခဲ့တဲ့အပေါ်လုံးဝသဘောမတူဘူး။ ကန့်ကွက်ပါတယ်။ ဘင်္ဂါလီဟာ ဘဂါင်္လီပဲဖြစ်ရမယ်” လို့ ပြောပါတယ်။

စစ်တွေမြို့ခံ ဦးသန်းထွန်းက “ဒီလိုအသုံးအနှုန်းတွေဟာ အနာဂတ်မှာ အလွန်တရာမှ အန္တရာယ်ကြီးတယ်လို့ မြင်တယ်။ ခေါ်နေကြတဲ့အတိုင်း ဘင်္ဂါလီကို ဘင်္ဂါလီလို့ပဲခေါ်မယ်၊ ရခိုင်ကို ရခိုင်လို့ခေါ်မယ်။ မွတ်စလင်လို့ အသုံးများလာတဲ့အခါမှာ ရခိုင်မွတ်စလင်ဆိုတာဖြစ်လာလိမ့်မယ်။ ဘင်္ဂါလီကို ဘင်္ဂါလီလို့ သုံးခြင်းခေါ်ဝေါ်ခြင်းဟာ ဘင်္ဂလားဒေ့ရှ်က ကူးပြောင်းလာတဲ့အချက်ဖြစ်တယ်ဆိုတာသိကြတယ်။ အခုလိုအသုံးအနှုန်းကို ဆက်လက် သုံးစွဲသွားမယ်ဆိုပါက ရခိုင်တပြည်လုံး သပိတ်မောက်တဲ့အထိဖြစ်လာနိုင်လိမ့်မယ်” လို့ ပြောပါတယ်။

ကျောက်တော်မြို့က ကန့်ကွက်ဆန္ဒပြပွဲကို ဦးဆောင်သူ ကိုအေးစောက “ရခိုင်ပြည်နယ်က ဘဂါင်္လီတွေကို ကုလသမဂ္ဂညီလာခံမှာ မြန်မာအစိုးရက နာမည်ကို လွဲမှားစွာ သုံးလိုက်တာဟာ ကျနော်တို့ ရခိုင်လူမျိုးတွေ တိမ်ကော့ရေးကို ဦးတည်ရာ ရောက်တာကြောင့် ဒါကအလွန်တရာမှ အန္တရာယ်ကြီးမားတဲ့ အသုံးအနှုန်းဖြစ်လို့ ဆန္ဒပြရခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်က မွတ်စလင်အသိုက်အ၀န်းလို့ သုံးနှုန်းသွားတဲ့အပေါ် ရခိုင်မျိုးသားပါတီကလည်း ကြေညာချက်ထုတ်ပြန်ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။

ဒီကနေ့ ကန့်ကွက်ဆန္ဒထုတ်ဖော်မှု ရခိုင်ပြည်နယ် မြို့နယ်တွေ ဖြစ်ကြတဲ့ စစ်တွေ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော်၊ မြေပုံ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ အမ်း၊ သံတွဲ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောမြို့တို့ ဖြစ်ကြပါတယ်။

ဂွမြို့မှာကတော့ ဆန္ဒပြတဲ့အမိန့် ခွင့်ချက်မကျသေးတာကြောင့် အခုလာမယ် ၅ ရက်နေ့မှ ကန့်ကွက်ဆန္ဒပြ ထုတ်ဖော်သွားမယ်လို့ ဆိုပါတယ်။

သတင်း - ၀ဏ္ဏခွာညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013