DVB Logo
Home
မြန်မာသတင်း
အလောင်း ၇ လောင်းအမှု တပ်မတော်ဘက်က သတင်းထုတ်ပြန်
DVB
·
July 2, 2016
အလောင်း ၇ လောင်းအမှု တပ်မတော်ဘက်က သတင်းထုတ်ပြန်
Donate to DVB

လားရှိုးမြို့နယ်၊ မိုင်းယော်မြို့အနီး မြှုပ်နှံထားတဲ့  အလောင်း ၇ လောင်းဟာ တီအန်အယ်လ်အေတပ်သားတွေဖြစ်တယ်လို့ တပ်မတော်ဘက်က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်က မိုင်းယော်မြို့အနီးမှာ အလောင်း ၇ လောင်း တူးဖော်တွေ့ရှိခဲ့ပြီး အဲဒီအလောင်းတွေဟာ မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရွာသားတွေရဲ့ အလောင်းဆိုပြီး လူမှု ကွန်ရက်နဲ့ သတင်းဌာနတွေမှာ ဖော်ပြနေတာနဲ့ ပတ်သက်ပြီး အခုလို သတင်းထုတ်ပြန်တာလို့ စစ်တပ်ပိုင် မြ၀တီသတင်းမှာ ဖော်ပြပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်က တပ်မတော်စစ်ကြောင်းဟာ ပန်ကျိန်လုံ၊ ပန်ကျိန်အွန်၊ ဖာလိုင်လွယ်၊ ဖာလိုင်မန်ကန်နှင့် ဖာမိန့်ကျေးရွာများ အနီးမှာ နယ်မြေရှင်းလင်းရင်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) အဖွဲနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီး နယ်မြေရှင်းလင်းစဉ် တီအန်အယ်လ်အေတပ်ဖွဲ့က အလောင်းနှစ်လောင်း၊ ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေ တပ်ဘက်က ရရှိခဲ့ကြောင်း၊ တခါ ဇွန် ၂၆ ရက် မနက်ပိုင်းမှာ အဲ့ဒီနယ်မြေအတွင်း တပ်က အသေးစိတ်ရှင်းလင်းတဲ့အခါ ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အလောင်း ၅ လောင်းကို တပ်မံတွေ့ရှိတယ်လို့သတင်းမှာ ဖော်ပြပါတယ်။

တီအန်အယ်လ်အေ အဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ တပ်မတော်စစ်ကြောင်းဟာ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အလောင်း ခုနစ်လောင်းကို တွေ့ရှိတဲ့ နေရာပေါ်မူတည်ပြီး သုံးနေရာခွဲကာ ကောင်းမွန်စွာ မြှုပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

အခုလို တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့တဲ့အပေါ် တအောင်းတပ်မတော်ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ဇွန် ၂၅ ရက်က အဲ့ဒီဒေသဘက်မှာ စစ်တပ်နဲ့တိုက်ပွဲ မဖြစ်ခဲ့ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“၂၅ ရက်က အဲ့ဒီဘက်မှာ တိုက်ပွဲဖြစ်ပွားတာ လုံးဝ မရှိဘူး၊ မန်တုံမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားမှု ရှိတယ်၊ မန်တုံနဲ့ အဲ့ဒီ မိုင်းယော်မြို့က မိုင်အနေနဲ့ ၁၀၀ ကျော် ဝေးတယ်။ ဒေသခံတွေ ပြောပြချက်အရလည်း အဲ့ဒီဘက်မှာ တိုက်ပွဲ မရှိဘူး၊ သူတို့ ဘာသာ တိုက်ပွဲအဖြစ် ဖန်တီးပြီးတော့ ရွာသားတွေကို ဖမ်းပြီး သတ်ပစ်လိုက်တာ။”

ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ  လားရှိုးမြို့ခံ ဦးစိုင်းမြင့်မောင်ကတော့  ဘယ်တပ်ဖွဲ့ လက်ချက်ဆိုတာ ထုတ်ပြောဖို့ခက်တယ်လို့ ပြောပါတယ်။

“အဲ့ဒီဒေသမှာက ကေအိုင်အေရော၊ တီအန်အယ်လ်အေရော၊ စစ်တပ်ရော စုံနေတဲ့အခါကျတော့ ပြောရခက်တယ်ဗျ။ သေသွားတဲ့ထဲမှာ ပလောင် ပါတယ်လို့လည်း ပြောတယ်။ ရှမ်းက ၂ ယောက်၊ ပလောင် ၃ ယောက် အဲ့လိုတွေလည်း ပြောတယ်။ တော်တော်လည်း စုံနေတော့ တော်တော်ပြောရခက်ပြီး ဘယ်လိုမှ မှန်းလို့ မရဘူး ဖြစ်နေတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013