DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး လက်နက်ကိုင်တပ်ဖွဲ့အားလုံး ပါဝင်ရန် လိုအပ်
DVB
·
July 2, 2016
ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး လက်နက်ကိုင်တပ်ဖွဲ့အားလုံး ပါဝင်ရန် လိုအပ်
1 / 4
Donate to DVB

တိုင်းရင်းသားအားလုံးလိုချင်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ဖို့အတွက် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရော မထိုးထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေပါ ပါဝင်ဖို့ လိုအပ်တယ်လို့ ကေအန်ယူ ဒုဥက္ကဋ္ဌ နော်စီဖိုးရာဇိန်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဇူလိုင်လ ၂ ရက်နေ့မှာ အပြီးသတ်ဆွေးနွေးနေတဲ့ စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ) နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ဆွေးနွေးပွဲမှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အခုအစိုးရဟာ ဒီမိုကရေစီအစိုးရအနေနဲ့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဖြစ်ပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့ တိုင်းရင်းသားအားလုံးလိုချင်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်ဖို့ ကြန့်ကြာနေသေးတယ်လို့ သူကထောက်ပြခဲ့တာပါတယ်။

လက်ရှိအချိန်မှာ ယူအန်အေ အစည်းအဝေးကို ဆက်ကျင်းပနေပြီး ဒီနေ့မှာတော့ ဆွေးနွေးပွဲရဲ့ အပြီးသတ်ဆုံးဖြတ်ချက်တွေ ချမှတ်ရတော့မှာဖြစ်ပါတယ်။

သတင်းဓာတ်ပုံ-ဟိန်းကို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013