DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် အပစ်မရပ်သေးသည့် တပ်ဖွဲ့များ တွေ့မည်
DVB
·
July 2, 2016
ဒေါ်အောင်ဆန်းစုကြည်နှင့် အပစ်မရပ်သေးသည့် တပ်ဖွဲ့များ တွေ့မည်
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်မရပ်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြဖို့ရှိပါတယ်။

ကချင်ပြည်နယ်၊ မိုင်ဂျာယန်မှာလုပ်ဖို့ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံးပါဝင်မယ့် ညီလာခံမတိုင်မီ တွေ့ကြမယ်လို့ အစိုးရက သတင်းထုတ်ပါတယ်။

ဒေါက်တာတင်မျိုးဝင်းခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးကော်မတီနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်) တို့ ဇူလိုင် ၁ရက် ရန်ကုန်မှာ တွေ့ဆုံမှုအပြီး ဒီသတင်းထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အစိုးရကလုပ်မယ့် ၂၁ ရာစုပင်လုံညီလာခံမတိုင်မီ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့က တပ်ဖွဲ့အားလုံးပါဝင်တဲ့ ညီလာခံတရပ်ပြုလုပ်ပြီး သူတို့ဘက်က ဆွေးနွေးမယ့်အချက်တွေကို ကြိုတင်ပြင်ဆင်ကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013