DVB Logo
Home
မြန်မာသတင်း
ဖားကန့် ၀တ်ပြု အဆောက်အဦကို တုတ်၊ ဓားကိုင်သူများ မီးရှို့ဖျက်ဆီး
DVB
·
July 2, 2016
ဖားကန့် ၀တ်ပြု အဆောက်အဦကို တုတ်၊ ဓားကိုင်သူများ မီးရှို့ဖျက်ဆီး
Donate to DVB

ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာအတွင်း ယာယီဝတ်ပြုတဲ့ အဆောက်ဦတလုံးကို တုတ်၊ ဓားကိုင်ဆောင်ထားသူတွေက မနေ့ မွန်းလွဲပိုင်းက မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ သတ်မှတ်ခွင့်ပြုချက် မရှိတဲ့ ယာယီဝတ်ပြုတဲ့ အဆောက်အဦကို ဖျက်သိမ်းဖို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အကြိမ်ကြိမ် ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့ပြီး ဒေသခံအချို့က မီးရှို့ဖျက်ဆီးခဲ့တာလို့ ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။

လယ်ပြင်ကျေးရွာ ဒေသခံအချို့ဟာ ယာယီဝတ်ပြုတဲ့ အဆောက်အဦနေရာကို တုတ်၊ ဓားတွေ ကိုင်ဆောင်ပြီး ဇူလိုင် ၁ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲလောက်မှာ ရောက်ရှိလာကြကြောင်း၊ မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူး၊ ဖားကန့် အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့မှူး၊ အမှတ် ၈ လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့ခွဲမှူးတို့ ဦးစီးတဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့ပေမယ့် ဒေသခံတွေက လက်မခံဘဲ ယာယီဝတ်ပြုတဲ့ အဆောက်အဦကို မီးရှို့ဖျက်ဆီးပြီး  ပြန်လည်ထွက်ခွာသွားကြတယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနဲ့ သေဆုံးမှု တစ်စုံတစ်ရာမရှိကြောင်း သိရပါတယ်။

ဒီအဆောက်အဦဟာ မြေရာဇ၀င်စိစစ်ချက်အရ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ သက်ဆိုင်ရာမှ ခွင့်ပြုချက် ရယူခြင်းမရှိတာကြောင့် တာဝန်ရှိ အဖွဲ့အစည်း အဆင့်ဆင့်က ဇွန် ၃၀ ရက်နေ့နောက်ဆုံးထား ဖျက်သိမ်းပေးဖို့ အကြိမ်ကြိမ်ညှိနှိုင်း ဆွေးနွေးခဲ့ပြီးဖြစ်ပေမယ့် သတ်မှတ်ရက်မှာ မဖျက်သိမ်းမရှိလို့ ဒေသခံတွေ မကျေမနပ် ဖြစ်ကာ အခုလို ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အခင်းဖြစ်ပွားရာနေရာတ၀ိုက် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချထားပြီး အခြေအနေတည်ငြိမ်နေကြောင်း၊ ကျူးလွန်သူတွေကို တရားဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်နေပြီး နောက်ကွယ်ကနေ သွေးထိုးလှုံ့ဆော်သူတွေ ရှိ၊ မရှိကိုပါ စုံစမ်းဖော်ထုတ်ပြီး တရားဥပဒေနဲ့ အညီ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013