DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားများလိုသည့် ဖက်ဒရယ်ရရှိရန် သံသယရှိဟု ဦးအေးသာအောင် ပြော
DVB
·
July 2, 2016
တိုင်းရင်းသားများလိုသည့် ဖက်ဒရယ်ရရှိရန် သံသယရှိဟု  ဦးအေးသာအောင် ပြော
1 / 3
Donate to DVB

၂၁ ရာစုပင်လုံညီလာခံကနေ တိုင်ရင်းသားတွေလိုချင်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စုရရှိဖို့ အတွက် သံသယရှိနေတယ်လို့ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောလိုက်ပါတယ်။

ဇူလိုင်လ ၁ ရက်နေ့က အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပနေတဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (အစည်းအဝေးမှာ အမှာစကားပြောကြား ချိန်မှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

13557833_1731102757107697_6997492244676787701_nလက်ရှိ နိုင်ငံရေးအခင်းအကျင်းတွေနဲ့ တပ်မတော်ဘက်က သဘောထားတွေကြောင့် အခုလို စိုးရိမ်နေရတာဖြစ်တယ်လို့ ပြောပါတယ်။

၂၁ ရာစုပင်လုံညီလာခံကို ကျင်းပဖို့အတွက် အမှန်တကယ်လို အပ်နေပေမယ့် တိကျခိုင်မာတဲ့ နိုင်ငံရေးမူဘောင်တွေ၊ တွေ့ဆုံဆွေးနွေးရေးအတွက် အခြေခံအချက်အလက်တွေ လိုအပ်နေ သေးတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

13508945_1731102927107680_1633507986044973421_nဒါ့အပြင် ၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသားအားလုံးကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ချုပ်ဆိုခဲ့တဲ့ အရင်ပင်လုံစာချုပ်ရဲ့ အနှစ်သာရနဲ့ သဘောသဘာဝတွေကို အခြေခံဆွေးနွေးဖို့ လိုအပ်တယ်လို့လည်း ထောက်ပြသွားခဲ့တာပါ။

သတင်း၊ ဓာတ်ပုံ - ဟိန်းကို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013