DVB Logo
Home
မြန်မာသတင်း
၂၁ ရာစု ပင်လုံညီလာခံအတွက် ဖက်ဒရယ်ဆိုင်ရာ မူဝါဒများ ဆွေးနွေး
DVB
·
July 1, 2016
၂၁ ရာစု ပင်လုံညီလာခံအတွက် ဖက်ဒရယ်ဆိုင်ရာ မူဝါဒများ ဆွေးနွေး
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှ လာမယ့်သြဂုတ်လအတွင်း ဦးဆောင်ကျင်း ပဖို့ရှိတဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ ပါဝင်ဆွေးနွေးဖို့ တိုင်းရင်းသားနိုင်ငံရေးပါတီအစု အဖွဲ့တွေဟာ ဖက်ဒရယ်ဆိုင်ရာ မူဝါဒအကြောင်းတွေ အတူဆွေးနွေးနေပါတယ်။

မြန်မာနိုင်ငံဖက်ဒရယ်စနစ်ဆိုင်ရာ အဓိကကျသော မူဝါဒနှင့် လက္ခဏာများ ရေးဆွဲခြင်းလို့ ခေါ်တဲ့ အဲဒီအလုပ်ရုံဆွေးနွေးပွဲကို ယူအန်အေ (စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့)နဲ့ အီအန်အေစီ (တိုင်းရင်းသားလူမျိုးများရေးရာစင်တာ) တို့ပူးပေါင်းပြီး ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ ဇွန်လ ၃၀ ကနေ ဇူလိုင်လ ၂ ရက်နေ့ထိ ၃ ရက်တာ ကျင်းပနေတာ ဖြစ်ပါတယ်။

အဓိကအားဖြင့် ၂၁ ရာစု ပင်လုံညီလာခံကျင်းပပြီး ဖက်ဒရယ်အကြောင်းဆွေးနွေးမယ်ဆိုရင် လိုအပ်တဲ့အကြောင်းအရာ၊ အချက်အလက်နဲ့ မတူညီတဲ့သဘောထားအမြင်တွေကို ကြို တင်ညှိနှိုင်းကြာတာလို့ ယူအန်အေအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး - ၁ ဦးစိုင်းညွှန့်လွင်မှ ဒီဗွီဘီကို ခုလိုပြော ပါတယ်။

“တကယ်လို့ ၂၁ ရာစု ပင်လုံညီလာခံဖြစ်ခဲ့လို့ရှိရင် ဖက်ဒရယ်ပြည်ထောင်စုကိစ္စ လိုအပ်တဲ့ အချက်အလက်တွေပေါ့နော်၊ အဓိကအကြောင်းအရာတွေကို ကြိုတင်ပြီးတော့ ညှိနှိုင်းတာပါ။ ဒီလိုဆွေးနွေးပွဲတွေက အများကြီး လုပ်သွားရမယ်။ ခနခနလုပ်ရမယ်၊ ဒါမှဘဲ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်လို့ ကြေကြေညက်ညက်ဖြစ်လာမယ်၊ လိုအပ်တဲ့ အချက်အလက်တွေလည်း ရလာ မယ်။ တယောက်နဲ့တယောက် အမြင်ချင်းမတူတဲ့ခါကျတော့ နောက်ကျတော့ အမြင်တွေ နီးစပ်လာမှာပေါ့။”

ENAC တိုင်းရင်းသားလူမျိုးများရေးရာစင်တာအနေနဲ့ ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပြည်ပမှာ လေးငါးကြိမ် လုပ်ခဲ့ပြီဖြစ်ပြီး ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုတွေနဲ့တော့ ဒီတကြိမ်ဟာ ပထမဆုံးအကြိမ်ပြုလုပ်တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာ ကလည်း ၂ ရက်တာအတွင်း ဖက်ဒရယ်စနစ်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အကြောင်း လေ့လာဆွေးနွေးကာ မတူညီတဲ့ အမြင်သဘောထားတွေ ညှိနှိုင်းခဲ့ကြတယ်လို့ ပြောပါတယ်။

“ENAC မှာ ကြိုတင်ပြင်ဆင်ထားတဲ့ မူကြမ်းရှိတယ်။ အဲဒီမှာ လွှတ်တော် ၃ ရပ်ကိစ္စ၊ ဗဟိုအစိုးရ နဲ့ ပြည်နယ်အစိုးရ၊ ပြည်နယ်ထဲမှာ တိုင်းရင်းသားအထူးဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစရှိသဖြင့်ပေါ့ အဲဒီလိုခွဲထားတာရှိတယ်။ ဖွဲ့စည်းအုပ်ချုပ်အခြေခံဥပဒေမှာလည်း ပြည်ထောင်စု တခုလုံးဆိုင်ရာဥပဒေနဲ့ ပြည်နယ်အုပ်ချုပ်ပုံ ဆိုင်ရာဆိုင်ရာဥပဒေ ခွဲထားတယ်ပေါ့။ အာဏာခွဲဝေ တဲ့ နေရာမှာ ဗဟိုအစိုးရမှာ ဘယ်လိုအာဏာရှိလဲ ပြည်နယ်အစိုးရမှာ ဘယ်လို အာဏာရှိလဲ၊ ထပ်တူပြုအာဏာက ဘာလဲ။ ကြွင်းကျန်အာဏာတွေကဘာလဲ အစရှိသဖြင့် ဒါတွေကို ခွဲပြီးတော့ ၀ိုင်းဝန်းဆွေးနွေးနေကြတာဖြစ်တယ်။ ကြိုတင်ပြင်ထားတဲ့ မူကြမ်းအပေါ်မှာ နည်းနည်းပါးပါး ကွဲလွဲနေတာတွေကို ပြန်ညှိတယ်။ အမြင်မတူတာတွေရှိပေမယ့် ပြန်ညှိနှိုင်းလို့ ရတယ်။”

လက်ရှိမြန်မာနိုင်ငံဟာ ဖက်ဒရယ်စနစ်ကို သွားနေတဲ့အတွက် လိုအပ်တဲ့ဖက်ဒရယ်ပုံစံကို ၀ိုင်းဝန်းဆွေးနွေးပြီး အကြံပေးချက်တွေ စုစည်းတာမို့ အင်မတန်အရေးကြီးသလို ဒါကို ကောင်းကောင်းဆွေးနွေးနိုင်တယ်ဆိုရင် ပင်လုံညီလာခံတက်ရောက်တဲ့အခါ အသုံးပြုနိုင်တယ် လို့ သူက ဆက်ပြောပါတယ်။

သူတို့ကချင်ပါတီအနေနဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲက ရလာတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး ကချင်ပါတီအချင်းချင်းကြားမှာ သဘောထားညှိနှိုင်းကာ ကချင်ပြည်နယ် အတိုင်ပင်ခံအဖွဲ့မှ ဦးေ ဆာင်ကျင်းပမယ့် ကချင်ကွန်ဖရင့်မှာ တင်ပြသွားဖို့ရှိတယ်လို့ ဒေါက်တာတူးဂျာက ပြောသွား ပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ယူအဲန်အေအဖွဲ့ဝင် နိုင်ငံရေးပါတီ ၃ ခု၊ ယူအန်အေအဖွဲ့ဝင်မဟုတ်သော ပါတီ ၃ ခု၊ လူမှုအခြေပြုအဖွဲ့အစည်း ၃ ဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ က ကိုယ်စားလှယ်တွေနဲ့ ပုဂ္ဂိုလ်ရေးအရ ရွေးချယ်ဖိတ်ကြားခံရသူ ပညာရှင် ၃ ဦး စုစုပေါင်း ၅၀ ကျော် တက်ရောက်ဆွေးနွေးလျှက်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013