DVB Logo
Home
မြန်မာသတင်း
မဲဆောက်-မြ၀တီ ကုန်သွယ်မှု ၂၀ ရာခိုင်နှုန်း မြင့်တက်
DVB
·
July 1, 2016
မဲဆောက်-မြ၀တီ ကုန်သွယ်မှု ၂၀ ရာခိုင်နှုန်း မြင့်တက်
Donate to DVB

ထိုင်း-မြန်မာ နယ်စပ်က မဲဆောက်-မြ၀တီ ကုန်သွယ်မှုဟာ ၂၀၁၆ ဘဏ္ဍာနှစ်ဝက်မှာ ၂၀ ရာခိုင်နှုန်း ဘီလီယံ ဘတ် ၃၈.၅ သန်းအထိ တိုးမြင့်လာပြီး ဆက်တိုးမြင့်လာဖွယ်ရှိတယ်လို့ အကောက်ခွန်အရာရှိက ဇူလိုင် ၁ ရက်နေ့က ပြောပါတယ်။

ဒီနှစ် မေလမှာတော့ ၆ လအတွင်း ကုန်သွယ်မှုက ၇.၄၉ ဘီလီယံဘတ်ရှိတယ်လို့ မဲဆောက် အကောက်ခွန် အကြီးအကဲ ၀ီဆာဝ ပစ်တီဆုဆောင်ဘတ်က ပြောပါတယ်။

အဆင်ပြေချောမွေ့တဲ့ ဆက်သွယ်ရေးလမ်းကြောင်း၊ အာဆီယံ စီးပွားရေး အသိုက်အ၀န်းနဲ့ မြန်မာအစိုးရသစ်ရဲ့ မူဝါဒသစ်ကြောင့် ဒုတိယနှစ်ဝက်မှာ ကုန်သွယ်မှုက ပိုမို တိုးတက်လာဖွယ်ရှိတယ်လို့ သူက ပြောပါတယ်။

သောင်ရင်းမြစ်ပေါ်မှာ ဒုတိယ တံတားတစီး တည်ဆောက်ပြီးသွားရင် ကုန်သွယ်မှုက ဘက်ပေါင်းစုံကနေ တိုးတက်လာဖွယ်ရှိနေတယ်လို့ ၀ီဆာဝက ပြောပါတယ်။

ထိုင်းကနေ မြ၀တီဘက်ကို အဓိက တင်သွင်းတာတွေကတော့ သကြား၊ ဖုန်းနဲ့ အပိုပစ္စည်းတွေ၊ ဘီယာ၊ ကာဗွန်ဒိုင်အောက်ဆိုက် ထည့်ထားတဲ့ အမြှုပ်ထ အချိုရည်၊ ခွန်အားဖြည့် အချိုရည်၊ အထည်အလိပ်၊ လယ်ယာသုံးပစ္စည်း၊ မော်တော်ဆိုင်ကယ်၊ ဆီနဲ့ ရုပ်မြင်သံကြား စက်တွေ ဖြစ်ပါတယ်။

မြန်မာဘက်က တင်သွင်းတာတွေကတော့ ကျွဲနွား တိရစ္ဆာန်၊ ခနောက်စိမ်း၊ သစ်တောထွက်ပစ္စည်းနဲ့ တခြား အသုံးပြုပြီးသား ပစ္စည်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ်က အလားတူ ဘဏ္ဍာနှစ်ဝက်မှာ ၃၂.၂၃ သန်း အထိရှိခဲ့ပါတယ်။ ထိုင်း-မြန်မာ ကုန်သွယ်မှုရဲ့ ၆၀ ရာခိုင်နှုန်းဟာ မဲဆောက်-မြ၀တီကနေ တင်သွင်း ရောင်းချနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013