DVB Logo
Home
မြန်မာသတင်း
မြဝတီတွင် မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ
DVB
·
July 1, 2016
မြဝတီတွင် မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့မှာ ဇွန်လ ၃၀ ၇က်နေ့ ညနေပိုင်းက မူးယစ်ဆေးဝါးတွေနဲ့ လက်နက်ခဲယမ်းတွေကို မြ၀တီခရိုင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

မြဝတီခရိုင် မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေ၊ မြဝတီမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်တွေနဲ့ မြဝတီ စရဖအဖွဲ့နဲ့ နယ်ခြားစောင့်တပ် တပ်နယ် (၃) မှတပ်ဖွဲ့တင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မြ၀တီမြို့ အမှတ် ၄ ရပ်ကွက် မြေနီကုန်းရပ်နေထိုင်တဲ့ စောမြင့်ထွန်းအောင်ရဲ့ နေအိမ်ကို ဖမ်းဝရမ်းနဲ့ ၀င်ရောက်ရှာဖွေခဲ့ပါတယ်။

ဝင်ရောက်ရှာဖွေစဉ် စောမြင့်ထွန်းအောင် (ခ) ကိုထွန်းကို နေအိမ်မှာ တွေ့ရှိရပြီး  နေအိမ် အနောက်ဘက် မီးဖိုချောင်ကြပ်ခိုးစင်ပေါ်မှာ တင်ထားသော REEBOK တံဆိပ်ပါ အစိမ်းရောင် ပြောက်ကျားလက်ရှည်အင်္ကျီ အိပ်ကပ်အတွင်းမှ  WY စာတမ်းပါ စိတ်ကြွဆေးပြား  ၂၀၀ ပြားနဲ့ အပြာရောင်ကပ်ခွာအိတ် ၆ အိတ်ထဲက စိတ်ကြွဆေးပြား ၁၃၇၅ ပြား၊ မီးဖိုချောင်အနီးရှိတိုင်မှာ ချိတ်ဆွဲထားတဲ့ အနက်ရောင်စနိုက်ပါတပ်ဆင်ထားတဲ့ ပွိုင့် ၂၂ သေနတ်အရှည်တစ်လက်၊ ကျည် ၂၀၃ တောင့် ရှာဖွေတွေ့ရှိခဲ့ပါတယ်။

စိတ်ကြွဆေးပြားတွေ၊ လက်နက်ခဲယမ်းတွေနဲ့အတူ တွေ့ရှိသူ စောမြင့်ထွန်းအောင် (ခ) ကိုထွန်းကို မြဝတီမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013